ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၁၃) ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ ဇန်နဝါရီလ ၂၅ ရက်နေ့အထိ ယှဉ်ပြိုင်မှုရလဒ်များအရ မြန်မာနိုင်ငံကိုယ်စားပြု မြန်မာမသန်စွမ်းအားကစားအဖွဲမှ ဆုတံဆိပ် စုစုပေါင်း ၅၉ ခု ဆွတ်ခူးရရှိထားကြောင်း သိရသည်။
ထိုသို ဆုတံဆိပ်များအနက် ရွှေတံဆိပ်ဆု ၂၀ ခု၊ ငွေတံဆိပ်ဆု ၁၉ ခုနှင့် ကြေးတံဆိပ်ဆု ၂၀ ခုတို ပါဝင်ပြီး နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွင် အဆင့် (၆) နေရာ၌ ရပ်တည်လျက်ရှိကြောင်းသိရပါတယ်။ #crd

