ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို နေပြည်တော်မှာ ၅ ရက်တိုင်တိုင် ကျင်းပမည်

အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မတီမှဦးဆောင်၍ (၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ပြခန်းပေါင်း ၁၀၁ ခန်းဖြင့် နေပြည်တော်၌ ၅ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို ကျင်းပနိုင်ရေးအတွက် ညှိနှိင်းအစည်းအဝေးကို ဇန်နဝါရီ ၂၃ ရက်၊ မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အဆိုပါ ပြပွဲနှင့် ဈေးရောင်းပွဲတော်မှတစ်ဆင့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးမှ MSME ထုတ်ကုန်များကို စုစည်းပြသနိုင်ခြင်း၊ စားသုံးသူများနှင့် တိုက်ရိုက်တွေ့ဆုံနိုင်ခြင်း၊ ဈေးကွက်တိုးချဲ့နိုင်ခြင်းနှင့် အပြန်အလှန် လေ့လာသင်ယူနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိစေနိုင်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *