ရွေးကောက်ပွဲအပိုင်း(၃)အတွက် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရောက်ရှိနေ

လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအပိုင်း(၃)အား စောင့်ကြည့်လေ့လာမှုများပြုလုပ်မယ့် နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ ရန်ကုန်မြိုသို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာခဲ့ကြပြီဖြစ်ကြောင်း သိရပါတယ်။

အိန္ဒိယနိုင်ငံမှကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၉ ရက်မွန်းလွဲပိုင်း၊ ဘယ်လာရုစ်နိုင်ငံ ဘယ်လာရုစ်ပါတီမှ ကိုယ်စားလှယ်အဖွဲဟာ ဇန်နဝါရီ ၂၁ ရက်ညပိုင်းတိုကရောက်ရှိလာခဲ့ကြကြောင်း သိရပါတယ်။

ထို့အပြင် အင်ဒိုနီးရှားနိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နှင့် နီပေါနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့တို့ဟာ ယမန်နေ့ ဇန်နဝါရီ ၂၃ ရက်နံနက်ပိုင်းကရောက်ရှိလာခဲ့ကြခြင်းဖြစ်ကြောင်း သိရပါတယ်။

ထို့အတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲဝင် ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့၊ International Conference of Asian Political Parties (ICAPP) ဒု-ဥက္ကဋ္ဌ  ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲတို ယမန်နေ့ ညပိုင်းက ရောက်ရှိလာခဲ့ကြကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *