(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၊ သဘင်ဆောင်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ပြည်ထောင်စု စည်သူသင်္ဂဟဘွဲများဖြစ်ကြသည့် စည်သူဘွဲ့ ၁၃ ဦး၊ တပ်မတော်စွမ်းရည်သတ္တိဘွဲ့များဖြစ်ကြသည့် သီဟသူရဘွဲ့ရရှိသူ ၂ ဦးနှင့် သူရဘွဲ့ရရှိသူ ၁ ဦး၊ သီရိပျံချီဘွဲ့ ၁၀ ဦး၊ ဇေယျကျော်ထင်ဘွဲ့ ၉ ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ ၁၇ ဦး၊ အလင်္ကာကျော်စွာဘွဲ့ ၈ ဦး၊ သိပ္ပကျော်စွာဘွဲ့ ၁၁ ဦးတိုကို ဂုဏ်ထူးဆောင်ဘွဲ့များ တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့တယ်လို့ သိရပါတယ်။









