KK Park နယ်မြေမှ ဖြိုချဖျက်ဆီးရန်တရားမဝင်အ ဆောက်အအုံ(၂၅)လုံးသာကျန်ရှိ (၆၁၀)လုံးဖြိုချပြီးဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြိုနယ်၊ KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အ သုံးပြုခဲ့သော တရားမဝင်အဆောက်အအုံများကိုဖြိုချဖျက်ဆီးလျက်ရှိရာ လက်ရှိအချိန်၌ တရားမဝင်အ ဆောက်အအုံ(၆၁၀)လုံးကိုဖြိုချပြီးဖြစ်ကြောင်း သိရသည်။

ထိုကြောင့် KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင်အသုံးပြုခဲ့သော တ ရားမဝင်အဆောက်အအုံ(၆၃၅)လုံးအနက် (၆၁၀)လုံးဖြိုချဖျက်ဆီးပြီးဖြစ်ရာ ကျန်ရှိသည့် အဆောက်အအုံ (၂၅)လုံးကိုလည်း ပူးပေါင်းအဖွဲဝင်များက စနစ်တကျဆက်လက်ဖြိုချဖျက်ဆီးလျက်ရှိကြောင်း သိရသည်။

ထိုအတူ KK Park နယ်မြေအပိုင်း(၃)ရှိ တရားမဝင်အ ဆောက်အအုံများအနက် ယာဉ်ယန္တရားများအသုံးပြု၍ ဖြိုချဖျက်ဆီးပြီးခဲ့သည့် တရားမဝင်အဆောက်အအုံများကိုအလုံးစုံပျက်စီးစေရန် လေအိုးမီးအိုးဖြင့်ထပ်မံဖျက်ဆီးမှုများဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *