စစ်သူရဲများအကြောင်း (၂၁)

ဒုတိယဗိုလ်မှူးကြီး သူရ သူရိန်…

ဒုတိယဗိုလ်မှူးကြီး သူရ သူရိန်ကို ၂၉-၃-၁၉၈၅ ရက်တွင် ပြင်ဦးလွင်မြို့တွင် မွေးဖွားခဲ့ပါသည်။

စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၇)တွင်သင်တန်း တက်ရောက်ခဲ့ပြီးနောက် တပ်စုမှူး၊ တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(တတိယတန်း)၊ ဌာနချုပ်တပ်ခွဲမှူး၊ စစ်ဦးစီးမှူး(ဒုတိယတန်း)၊ ဒုတိယတပ်ရင်းမှူးတာဝန်များကို ထမ်းဆောင်ခဲ့ပါသည်။

🎖(သူရဘွဲ့ရရှိခဲ့မှု)🎖

အရာရှိကြီးသည် ခမရ(၅၂၀)တွင် ဒုတိယတပ်ရင်းမှူး တာဝန်ထမ်းဆောင်စဉ် မုံးကျက်စခန်း(အမ်အက်ဖ်——)အား ၂၁-၁၁-၂၀၂၃ ရက် ၁၉၀၀ နာရီအထိ MNDAA/ TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၂၅၀ ဦးမှ Drop Bomb ၂၃၅ လုံးခန့် ကြဲချ၍တိုက်ခိုက်ခဲ့ရာ မိမိဘက်မှ ပစ်ကူပစ်အားများစွာဖြင့် ခုခံတိုက်ခိုက်ခဲ့ခြင်း၊ အရာရှိ/စစ်သည်များအား တိုက်ခိုက်လိုစိတ်ရှိရန် မြှင့်တင်ပေးခဲ့ခြင်း၊ မိမိအသက်ကို ပဓာနမထားဘဲ မိမိတာဝန်ယူရသည့်စခန်းအား အချိန် ကာလတစ်ခုအထိ ရွပ်ရွပ်ချွံချွံခုခံခဲ့ရင်း ထိခိုက်ကျဆုံးခဲ့သော ဒုတိယဗိုလ်မှူးကြီး သူရိန်ကို နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခဲ့ပါသည်။

(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *