စစ်သူရဲများအကြောင်း (၂၂)

ဗိုလ်မှူး သူရ အောင်သူ…

ဗိုလ်မှူး သူရ အောင်သူကို ၁၉၈၅ ခုနှစ်တွင်အဘ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၌ မွေးဖွားခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၄၈) သို့ တက်ရောက်ခဲ့ပါသည်။

၂၀၀၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိခြေလျင်/ခြေမြန်တပ်ရင်းများ၊ တပ်အင်အားဖြည့်တင်းရေးညွှန်ကြားရေးမှူးရုံးတို့တွင် တပ်စုမှူး၊ တပ်ခွဲမှူး၊ ဦးစီး အရာရှိ(ဒုတိယတန်း)တာဝန်များကို အဆင့်ဆင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါသည်။

🎖(သူရဘွဲ့ရရှိခဲ့မှု)🎖

အမှတ်(၅၀၉) ခြေမြန်တပ်ရင်း၌ ဒုတိယတပ်ရင်းမှူးတာဝန်ထမ်းဆောင်စဉ် ဗိုလ်မှူး အောင်သူ သည် ရှေ့တန်းအမှတ် (၅၀၉) ခြေမြန်တပ်ရင်း၊ စစ်ကြောင်း (၂) တွင် စစ်ကြောင်းမှူးတာဝန်ထမ်းဆောင်သူဖြစ်ပါသည်။ စစ်ဆင်ရေး၏ ရည်မှန်းချက်ဖြစ်သည့် ကမ္ဘောဇကျောင်း ခန့်မှန်းမြေပုံညွှန်း (ကေဒီ——) တွင် အခိုင်အမာခြေကုပ်ယူတပ်စွဲထားသည့် TNLA ခေါင်းဆောင်(စိစစ်ဆဲ) အင်အား ၃၅ ဦးခန့်အခြေပြုထားသောနေရာအား တိုက်ခိုက်သိမ်းပိုက်ရန်အတွက် မိမိအခြေပြုရာခန့်မှန်းမြေပုံညွှန်း (ကေအီး—–)နေရာမှ အဆင့်ဆင့်ခြေကုပ်ယူချီတက်၍ လက်နက်ကြီးပစ်ကူ ရယူပြီးချိန်တွင် ၈-၂-၂၀၂၅ ရက် ၀၉၀၀ နာရီမှစ၍ စတင်တိုက်ခိုက်ခဲ့ရာ ၁၇၃၀ နာရီတွင် ရည်မှန်းချက်ဖြစ်သည့် ကမ္ဘောဇကျောင်း ခန့်မှန်းမြေပုံညွှန်း (ကေအီး——)အား တိုက်ခိုက်သိမ်းပိုက်ရရှိအခြေပြုခဲ့ပါသည်။

မိမိအခြေပြုနေရာမှ ရည်မှန်းချက်နေရာအထိ အဆင့်ဆင့်ခြေကုပ်ယူ ချီတက်စဉ် လမ်းတစ်လျှောက်တွင် လက်အောက်ရှိ အရာရှိ/စစ်သည်များအား ဖရိုဖရဲမဖြစ်စေရေး စနစ်တကျကြပ်မတ်ကွပ်ကဲခြင်း၊ စစ်နည်းဗျူဟာမြောက် ချီတက် သွားလာခြင်း၊ မိမိအသက်ကိုပဓာနမထားဘဲ နိုင်ငံတော်နှင့်တပ်မတော်အား ကာကွယ်စောင့်ရှောက်လိုခြင်း၊ စစ်မြေပြင်တွင် ရန်သူကိုနေလို၊ မီးလိုကျင့်ကြံ နိုင်သောစိတ်ဓာတ်ရှိခြင်း၊ တုံးတိုက်တိုက်ကျားကိုက်ကိုက်စိတ်ဓာတ်ဖြင့် ပွိုင့်တပ်စိတ်နှင့်အတူလိုက်ပါ ဆောင်ရွက်ခြင်း၊ တပ်မတော်၏အစဉ်အလာကို အသက်ပေးစောင့်ထိန်းလိုသည့် စိတ်ဓာတ်တို့ဖြင့် တိုက်ပွဲဝင်ခဲ့သောကြောင့် ၁၇၃၀ နာရီချိန်တွင် ရန်သူ့ခြေကုပ်နေရာ ကမ္ဘောဇကျောင်း ခန့်မှန်းမြေပုံညွှန်း (ကေအီး——)အား အောင်မြင်စွာသိမ်းပိုက်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး စစ်သည်တော်ကောင်းတစ်ယောက်ပီသစွာ မိမိအသက်ကိုပဓာနမထားဘဲ နိုင်ငံတော်နှင့် တပ်မတော်အတွက် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ခြင်းတို့ကြောင့် တပ်မတော်မှ သူရဘွဲ့အားချီးမြှင့်ခဲ့ပါသည်။

လက်ရှိတွင် တပ်မတော်၌ အဆင့်မြင့်တာဝန်များကို ထမ်းဆောင်လျက်ရှိသည်။

(အကျဉ်းမျှသာ ကောက်နုတ်ဖော်ပြခြင်းဖြစ်ပါသည်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *