ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် ကူရာဆာအို မှတ်တမ်းဝင်

ကွန်ကာကက်ဖ်ဒေသကိုယ်စားပြု အသင်းတစ်သင်းအဖြစ် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ကူရာဆာအိုအသင်းဟာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရတဲ့ အသေးငယ်ဆုံးနိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ကွန်ကာကက်ဖ်ဇုန်ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပနားမား၊ ကူရာဆာအိုနဲ့ ဟေတီတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ကြပြီး ကူရာဆာအိုအသင်းကတော့ စံချိန်မှတ်တမ်းသစ်ကိုပါ ပိုင်ဆိုင်ခဲ့ပါတယ်။

ကူရာဆာအို ဟာ ဒတ်ချ်ကျွန်းစုတွေထဲက ကျွန်းနိုင်ငံတစ်ခုဖြစ်ပြီး လူဦးရေ ၁၅၆,၁၁၅ ဦးသာရှိပြီး နိုင်ငံအကျယ်အဝန်း က ၄၄၄ စတုရန်းကီလိုမီတာသာ ကျယ်ဝန်းတာကြောင့် ဧရိယာနှင့် လူဦးရေအရ အသေးငယ်ဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းဝင်ခဲ့ပါတယ်။

ကူရာဆာအိုအသင်းကို ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကတော့ နယ်သာလန်လက်ရွေးစင်အသင်းကို (၃)ကြိမ်ကိုင်တွယ်ခဲ့ဖူးတဲ့ ဒတ်ချ်နည်းပြ အက်ဒ်ဗိုကတ် ဖြစ်ပြီး ကူရာဆာအိုအသင်းကို ၂၀၂၄ ဇန်နဝါရီမှာမှ စတင်ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။

ကူရာဆာအိုအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကွန်ကာကက်ဖ်ဇုန်မှာ ရှုံးပွဲမရှိရလဒ်နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပြီး အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ အက်ဒ်ဗိုကတ် ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အသက်အကြီးဆုံး နည်းပြအဖြစ် မှတ်တမ်းဝင်မယ်လို့လည်း သိရပါတယ်။

crd//pan

Leave a Reply

Your email address will not be published. Required fields are marked *