အသက် (၁၂)နှစ်အရွယ် သမီးငယ်အား အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူအား ထောင်အနှစ် ၆၀ ချမှတ်

ပဲခူးတိုင်းဒေသကြီး (အရှေ့ခြမ်း)၊ တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စုမှာ အသက် (၁၂)နှစ်အရွယ် သမီးငယ်အား အဓမ္မပြုကျင့်ခဲ့တဲ့ ဖခင်ဖြစ်သူကို တောင်ငူခရိုင်၊ ဒုခရိုင် တရားသူကြီး (၃)ရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် (၆၀) ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ဇူလိုင်လ (၆)ရက် ည (၇)နာရီအချိန်က ဒိုးအင်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ဖခင်ဖြစ်သူ ဇော်ခိုင်(ခ) မောင်ခိုင်ဟာ အရက်သေစာ သောက်စားထားပြီး နေအိမ်တဲအတွင်းမှာ အိပ်နေတဲ့ အသက် (၁၄)နှစ်အရွယ် သမီးဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သဖြင့် ရုန်းကန်တွန်းထုတ်ခဲ့တာကြောင့် အသက် (၁၂)နှစ်အရွယ် သမီးဖြစ်သူကို အနားသို့ ခေါ်ယူပြီး အဓမ္မပြုကျင့်ခဲ့တယ်လို့ သိရပါတယ်။

ယင်းနောက် ဇူလိုင်လ (၇)ရက်နေ့ နံနက် (၈)နာရီအချိန်ခန့်မှာတော့ ပြစ်မှုကျူးလွန်ခံရတဲ့ ကလေးငယ်နှစ်ဦးဟာ ဒိုးအင်းကျေးရွာအုပ်စုမှာ နေထိုင်တဲ့ အသက် (၆၂)နှစ်အရွယ် အဖွါးဖြစ်သူ သွားရောက်ပြောဆိုခဲ့တာကြောင့် အဖွါးဖြစ်သူမှ တရားလိုလုပ်ပြီး အမှုဖွင့် တိုင်တန်းခဲ့တာဖြစ်ပါတယ်။

၎င်းနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တရားလိုစစ်ဆေးခြင်း၊ သက်သေများစစ်ဆေးခြင်း၊ အခင်းဖြစ်ရပ် စစ်ဆေးခြင်း၊ မြေပုံကြမ်း ရေးဆွဲခြင်း၊ ဆေးစာပေးပို့ရယူခြင်း၊ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခြင်း၊ သက်သေခံပစ္စည်းများ သိမ်းဆည်း၍ ဓာတုဗေဒဝန်ရုံးသို့ ပေးပို့ ထင်မြင်ချက် တောင်းခံရယူခြင်း၊ ပြစ်မှုကျူးလွန်ခံရသူ ကလေးငယ် (၂)ဦးအား လူမှုဝန်ထမ်းနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ဖြောင့်ချက်ရယူခြင်း၊ တရားခံအား ထိရောက်ပြစ်ဒဏ်ရရှိရေး စွဲချက် (၂)ခုစွဲကာ ဩဂုတ်လ (၆)ရက်နေ့မှာ တောင်ငူခရိုင်၊ ဒုခရိုင်တရားသူကြီး (၃)ရုံးသို့ စွဲချက် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *