တက်ညီ၊ လက်ညီ….ဒီမိုကရေစီ ပန်းတိုင်ဆီသို့ (၉)

ဒီနေ့၊ ဒီအချိန်၊ ဒီကာလမှာ နိုင်ငံတော်နဲ့ ပြည်သူအားလုံးရဲ့ပန်းတိုင်ကတော့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေးပဲဖြစ်ပါတယ်..

  • ဒီပန်းတိုင်ကို အမြန်ရောက်ရှိဖို ပါတီစုံဒီမိုကရေစီစနစ်ရှင်သန်ရေးဟာ အလွန်အရေးကြီးတဲ့အတွက် နိုင်ငံတော် ကို ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ရှိအောင် တပ်မတော်က လမ်းကြောင်းခင်းပေးနေပါတယ်…
  • တပ်မတော်က ခင်းပေးတဲ့လမ်းကြောင်းမှာ ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောဖြစ်တဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်ဟာ အလွန်အင်မတန်အရေးကြီးတဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်…
  • ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖိုအတွက် ရွေးကောက်ပွဲဆိုတာ မဖြစ်မနေလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်သလို နိုင်ငံတော်ကို ဦးဆောင်မယ့် အုပ်ချုပ်ရေးယန္တရား အပြောင်းအလဲအတွက် အချိုးအကွေ့တစ်ခုလည်းဖြစ်ပါတယ်…
  • ပြည်သူများအနေနဲ့လည်း နိုင်ငံတော်ရဲ့ အနာဂတ်ကို တည်ငြိမ်အေးချမ်းစွာ ပုံဖော်နိုင်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တိုင်းချစ်ပြည်ချစ်စိတ်ရှိတဲ့ တာဝန်သိ နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်ဖို လိုအပ်လှပါတယ်…
  • ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ၊ သိက္ခာရှိတဲ့ ရွေးကောက်ပွဲ၊ အောင်မြင်တဲ့ ရွေးကောက်ပွဲကြီး ဖြစ်ပေါ်လာစေရေးနဲ့ နိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်စေရေး အတွက် ရွေးကောက်ပွဲအကြိုကာလနဲ့ ရွေးကောက်ပွဲကာလတွေမှာ ကျရာကဏ္ဍမှ တက်ညီလက်ညီပါဝင် ပူးပေါင်းကြဖို တိုက်တွန်းနှိးဆော်အပ်ပါတယ်… #crd

Leave a Reply

Your email address will not be published. Required fields are marked *