နီပေါနိုင်ငံ၌ ဖြစ်ပွားခဲ့သော တောင်ကျရေဘေးကြောင့် ထိခိုက်ဆုံးရှုးခဲ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် သီတဂူဆရာတော်ဘုရားကြီးက အမေရိကန်ဒေါ်လာ ၁ သောင်း (မြန်မာကျပ်ငွေ သိန်း ၄၅၀ ခန့်) ကို ဒုတိယအကြိမ်အဖြစ် ထပ်မံလှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ အလှူငွေကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ရန်ကုန်မြို့ရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၌ မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးထံသို သီတဂူဆရာတော်ကြီးကိုယ်တိုင်…