ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်က ပြောကြားရာတွင် ချစ်ခင်မြတ်နိုးအပ်ပါသောသူငယ်ချင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို ရုရှားနိုင်ငံမှာ ထပ်မံတွေ့ဆုံခွင့်ရရှိသည့်အတွက်ဝမ်းမြောက်ပါတယ်။ ရုရှား-မြန်မာဆက်ဆံရေးသည် ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ်တွင်အခြေခံနေပါတယ်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် တရားမျှတမှု၊ အပြန်အလှန်လေးစားမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းစေမှုတို့အပေါ်တွင်မူတည်ပါတယ်။ ၁၉၅၀-၁၉၆၀ ပြည့်နှစ်များအတွင်း မြန်မာနိုင်ငံက လူမှုရေး၊ စီးပွားရေးနှင့်ကာကွယ်ရေးကဏ္ဍများ အတွက် အကူအညီများစွာပေးခဲ့ပါတယ်။ ဆိုဗီယက်ယူနီယံခေတ်က မြန်မာနိုင်ငံမှာတည်ဆောက်ပေးခဲ့တဲ့ ကြီးမားတဲ့အခြေခံအဆောက်အအုံဖြစ်တဲ့ ဆေးရုံ၊ တက္ကသိုလ်တွေဟာ ယနေ့အထိ မြန်မာပြည်သူများကို အကျိုးပြုလျက်ရှိတာကို အထင်အရှားတွေ့မြင်နိုင်ပါတယ်။ အဓိကအနေဖြင့် လက်ရှိအချိန်အထိ ရုရှား-မြန်မာဆက်ဆံရေးသည် တိုးတက်ခိုင်မာလျက်ရှိသည်ကိုပြောကြားလိုပါတယ်။ နှစ်နိုင်ငံအစိုးရအချင်းချင်းဆက်သွယ်မှုများ…