နိုင်ငံတော်နဲ့ပြည်သူအများ လိုလားတောင်းတတဲ့ ပါတီစုံဒီမိုကရေစီသည် ရှင်သန်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အပိုင်း(၁) ကျင်းပပြုလုပ်ဖို့ ၇၆ ရက်သာလိုပါတော့တယ်…..
ရွေးကောက်ခံ အစိုးရ ပေါ်ပေါက်လာရင် ဘုံပျောက်၊ခွက်ခေါက် မရတော့မဲ့ ပြည်ပြေးအဖျက်အမှောင့်အုပ်စုတွေကတော့ ရွေးကောက်ပွဲကြီး မဖြစ်ပေါ်လာစေရေး နည်းမျိုးစုံနဲ့ဆန့်ကျင်လှုံဆော်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာနေပါတယ်..
ရုရှား၊တရုတ်၊အိန္ဒိယနဲ့အာဆီယံနိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးကထောက်ခံအားပေးနေတဲ့ ရွေးကောက်ပွဲကြီးအောင်မြင်စွာ ပြီးမြောက်စေရေး သိက္ခာရှိပြီး လွတ်လပ်ပွင့်လင်းတဲ့ ရွေးကောက်ပွဲ ဖြစ်ပေါ်စေရေး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနဲ့လုံခြုံရေးကော်မရှင်က ဘက်စုံဆောင်ရွက်နေပါတယ်….
နိုင်ငံတော်တည်ငြိမ်အေးချမ်းစေဖို့အတွက် အချိုးအကွေ့ တစ်ခုဖြစ်လာမဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စေရေးနိုင်ငံသားတစ်ယောက်ရဲ့ တာဝန်ကျေပွန်စေဖို့ အသဲကြားကမဲတစ်ပြားနဲ့ ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ခင်ညိုချော
