ကျောက်မဲ အထက(၁)သို့ ကျောင်းသား/ ကျောင်းသူ ၂၀၆ ဦး လာရောက်ကျောင်းအပ်နှံခဲ့

တပ်မတော်က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ကို အလုံးစုံပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီးနောက် အောက်တိုဘာ ၇ ရက်တွင် အဆိုပါ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ တန်းစဉ်အလိုက် ကျောင်းအပ်လက်ခံခြင်းကို စတင်လက်ခံခဲ့ရာ ကျောင်းသား/ ကျောင်းသူ ၂၀၆ ဦး လာရောက်ကျောင်းအပ်နှံခဲ့ကြောင်း သိရှိရသည်။ 

အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား/ ကျောင်းသူများ အား ပညာရေးဝန်ကြီးဌာနမှ အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေး ကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေးကြသည်။

ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်နေထိုင်ရေး အဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က လှူဒါန်းသော ဆန်၊ ဆီ နှင့် အခြေခံစားသောက်ကုန် များကို တာဝန်ရှိသူများက ပေးအပ်ကြသည်။

အလားတူ ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ အောက်တိုဘာ ၅ ရက်မှစတင်၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာ ၇ ရက်အထိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၆၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်းသာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေးနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စား သောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုး ရေးတာဝန်များကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။

crd///

Leave a Reply

Your email address will not be published. Required fields are marked *