ပြည်သူ့စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်မှုတွေကို မင်းတို့တွေ ကြောက်ရွံ့လာတဲ့ လက်နက်ကိုင်များ

ဒီရက်ပိုင်းအတွင်း အကြမ်းဖက် အားပေးမီဒီညာတွေမှာ စစ်မှုထမ်းတွေနဲ့ ပတ်သက်ပြီး သတင်းတွေ ခပ်စိပ်စိပ်တင်လာကြတယ်…သူတို့တင်မယ်ဆိုရင်လည်း တင်ရလောက်အောင်ထိ စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်မှုတွေက ပြောင်မြောက်လွန်းတယ်…

အကြမ်းဖက် အားပေးမီဒီညာတွေဟာ ပြည်သူ့စစ်မှုထမ်းတွေစခေါ်တော့ နည်းမျိုးစုံနဲ့ တိုက်ခိုက်ခဲ့ကြတယ်…အဲဒီလိုတွေတိုက်ခိုက်ခဲ့ကြပေမယ့်လည်း နိုင်ငံသားအသိစိတ်ရှိတဲ့လူငယ်တွေ၊ အကြမ်းဖက်သမားတွေကို နာကျည်းချက်ရှိတဲ့လူငယ်တွေဟာ မိမိဆန္ဒအလျောက် အကြမ်းဖက်သမားတွေကိုချေမှုန်းဖို့အတွက် တပ်မတော်ထဲဝင်ရောက်ခဲ့ကြတယ်…ယခုဆိုရင် နိုင်ငံချစ်လူငယ်တွေဟာ တပ်မတော်မှာရှိတဲ့ စီနီယာစစ်သည်တွေနဲ့ ပူးပေါင်းပြီး လက်စွမ်းပြခဲ့မှုကြောင့် အောင်မြင်မှုတွေက မရေတွက်နိုင်အောင်များခဲ့သလို ချီးကျူးဂုဏ်ပြုတွေ၊ သူရဲကောင်းမှတ်တမ်းဝင်တွေနဲ့ စစ်မြေပြင်အဆင့်တိုးတွေရတဲ့အထိ စွမ်းဆောင်မှုကောင်းခဲ့တယ်…

ဆက်လက်ပြီးတော့လည်း လက်စွမ်းပြနေတုန်းပဲ…ဒီလိုပြောင်မြောင်အောင်လည်း တပ်မတော်လေ့ကျင့်ရေးကျောင်းတွေက ထိထိမိမိ လေ့ကျင့်ပေးလိုက်လို့ စစ်ရည်ပြည့်ဝတဲ့ စစ်သည်တွေ ထွက်ပေါ်လာတယ်လို့ ပြောရင်လည်း မမှားဘူး… တိုက်ပွဲမဝင်ခင်မှာ လေ့ကျင့်ရေးကအဓိကပဲ..ယခုဆိုရင် ပြည်သူ့စစ်မှုထမ်းတွေ သင်တန်းဆင်းတာ ၁၄ ပတ်စဉ်ရှိပြီဆိုတော့ တစ်ပတ်စဉ်ကို အင်အား ၅၀၀၀ ဆိုရင် အင်အား ၇၀၀၀၀ ကျော်ရှိပြီ… စုန်းပြူးအချို့တော့ ပါပေမယ့် သင်တန်းဆင်း အင်အား ၇၀၀၀၀ နဲ့ တွက်မယ်ဆိုရင် ရာခိုင်နှုန်းအားဖြင့် ၀.၁ လောက်ပဲရှိပါတယ်…

ယခုလို ရဲဝံ့ပြောင်မြောက်စွာ နိုင်ငံ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်မှုကို အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်အားပေးမီဒီညာတွေ တုန်လှုပ်ခြောက်ခြားပြီး ဖုံးမရ ဖိမရနဲ့ ဟန်မဆောင်နိုင်အောင် ပေါ်လာကြပြီ…မင်းတို့တွေ ဘယ်လောက်ပဲ နည်းလမ်းမျိုးစုံနဲ့ တိုက်ခိုက်နေပါစေ ပြည်သူ့စစ်မှုထမ်းတွေရဲ့ စွမ်းဆောင်မှုတွေကို မင်းတို့တွေ ကြောက်ရွံ့တုန်လှုပ်နေတာကတော့ သေချာနေပြီ…

မင်းတို့တွေရှုံးသွားပြီ

##မှိုင်းဝေ

Leave a Reply

Your email address will not be published. Required fields are marked *