(၁) ဗန်းမော်ဗန်းမော်ဒေသအတွင်း အောင်မြေချဲ့နယ်မြေရှင်းစစ်ကြောင်းများသည် ရန်သူအား ပိုက်စိပ်တိုက်ရှာဖွေချေမှုန်းလျက်ရှိပြီး အဆိုပါနေ့မှာတော့ အကြမ်းဖက် KIA ၂ လောင်း၊ သေနတ် ၂ လက် (M-22, ဘီဇူကာ)၊ ကျည်အိမ် ၄ ခု၊ ကျည် ၁၅၀ ခန့်၊ မိုင်း ၂ လုံး၊ လက်ပစ်ဗုံး ၇ လုံး၊ ကျည်ကာအင်္ကျီ ၈ ထည် တို့အား သိမ်းဆည်းရရှိခဲ့သည်။
-(၂) ကျောက်မဲကျောက်မဲဒေသအတွင်း နယ်မြေရှင်းနေသည့်စစ်ကြောင်းများနှင့် အကြမ်းဖက် TNLA အဖွဲ့တို့ ထိတွေ့မှု (၄) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၂ လောင်း၊ သေနတ် ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သည်။ (နယ်မြေ ရှင်းနေဆဲဖြစ်)
-(၃) ကျုံဒိုးကျုံဒိုးဒေသအတွင်း နယ်မြေရှင်းစစ်ကြောင်းများသည် အကြမ်းဖက် KNU/PDF အဖွဲ့များနှင့် ထိတွေ့တိုက်ပွဲ (၂)ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ့အလောင်း ၈ လောင်း၊ သေနတ် ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့သည်။ (edit.. ၂ လောင်း ထပ်ရ.. ပေါင်း ၈)
-(၄) မတ္တရာပြည်သူ၏ သတင်းပေးချက်အရ မတ္တရာမြို့နယ်၊ ကိုးလုံးပြွန်ရွာအနီးရှိ ရန်သူ့စခန်းအား သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့ပြီး ရန်သူ့အလောင်း ၂ လောင်း၊ လက်နက်မျိုးစုံ ၃ လက်၊ ကျည်အိမ်/ကျည်ဆန်များ၊ မိုင်း ၁၁ လုံး၊ ကွန်ကရိဘန်ကာများ၊ သဲအိတ်ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။
-အကြမ်းဖက်သူပုန်များအတွက် ပြေးစရာမြေမရှိစေရ.. 👍-တိုက်ပွဲသတင်းစုံ
