ရေးမြို့နယ်ရဲ့ ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ရေးဘီလူး ကပြောပါတယ်။တပ်ရဲ့ စစ်ကြောင်း ထိုးစစ်ဆင်လာမှုကြောင့် ကနင်ကမော့နဲ့ မော့ကနင်ကျေးရွာတွေဘက်မှာ တိုက်ပွဲဖြစ်နေတာလို့ ဆိုပါတယ်။”အရင်လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ထိတော့ ကျွန်တော်တို့က ရန်ကုန်−ထားဝယ်လမ်းပိုင်းကို အလုံးစုံထိန်းချုပ်ထား နိုင်ပေမယ့် အခုက တော့ ၅၀ ၊ ၅၀ အခြေအနေ ဖြစ်တယ်။တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေတုန်းပဲ”လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။ရန်ကုန်-ထားဝယ် ပြည်ထောင်စုလမ်းမ အမှတ်(၈) ပြည်ထောင်စုလမ်းပိုင်း ပြန်လည်ထိန်းချုပ်နိုင်ဖို့ တပ်မတော်က သြဂုတ်လဆန်းကစပြီး အင်အားထောင်ချီသုံးကာ စစ်ကြောင်းထိုးနေတာလို့ ပြောပါတယ်။ အမှတ်(၈) ပြည်ထောင်စုလမ်း(မော်လမြိုင်-ရေး-ထားဝယ်)ကို ဒီ သုံးလအတွင်း သူတို့အပြီးထိန်းချုပ်ဖို့အစီစဥ်ရှိတယ်”လို့ တပ်စစ်ကြောင်းဝင်နေတယ့် ရည်ရွယ်ချက်ကို KNU နည်းဗျူဟာ (၃၃)က စောဒါးကိုက ပြောလာပါတယ်။
(လက်နက်ကိုင် ရေးဘီလူးတပ်ဖွဲ့ဝင်များ)
