ဒီစာက PDF တွေကို လေးလေးနက်နက် အနာဂတ်အတွက် တွေးပါလို့ အကြံပြုချင်တဲ့စာပါ။ _လက်ရှိ ခင်ဗျားတို့ကို နိုင်ငံရေးအရ ဦးဆောင်နေတာ ဘယ်အဖွဲ့အစည်းလဲဆိုတာ သိဖို့လိုတယ်။ သေချာတာကတော့ စစ်တိုက်တာက အဖြေမထွက်ဘူး။ ကျည်ဆန်ကုန်ရင်၊ ဒါ့မှမဟုတ် တိုက်မယ့်သူတွေ မရှိတော့ရင် စစ်ပွဲက ရပ်ရမှာပဲ။ ဒါဆို နိုင်ငံရေးအရ စကားပြောဖို့ လိုလာပြီ။ _ဆိုတော့ … NUG ဆိုတဲ့ အဖွဲ့အစည်းက လက်နက်ကိုင်တပ်ပေါင်းစုရဲ့အစိုးရ တကယ်ဖြစ်ရဲ့လား မေးဖို့ လိုလာပြီ။ ကိုယ့်အထင်တော့ နိုး ပါပဲ။ NUG ရဲ့ ထိပ်ပိုင်းခေါင်းဆောင် အောင်ကြည်ညွှန့်၊ မေဝင်းမြင့် အကုန်လုံးက တတိယ နိုင်ငံတွေမှာပါ။ NUG ကို ဘယ်နိုင်ငံတကာမှ အသိအမှတ်မပြုပါဘူး။ နိုင်ငံတကာမပြောနဲ့ ထောက်ခံသူ အချင်းချင်းကတောင် မယုံပါဘူး။ မယုံလို့လည်း ကြီးမြင့်တို့ ဦးဆောင်တဲ့ တပ်ပေါင်းစုဆိုတာ ထပ်ထွက်လာတာပေါ့။ လက်ရှိ ကုလမှာ ရှိတဲ့ ကျော်မိုးထွန်းကလည်း ရွေးကောက်ပွဲပြီးတာနဲ့ ထိုင်ခုံနေရာ ပျောက်မှာပါ။ ဆိုတော့…နိုင်ငံရေးအရ စကားပြောမဲ့သူ မာမာချာချာ တစ်ယောက်မှ မရှိဘူး။
_လက်ရှိ ဆရာဝန် တယောက်ဦးဆောင်တဲ့တပ်ကို စစ်ဘက်ရာထူးတစ်ခုပေးပြီး NUG က အားပြုတယ်။ ဒါက မိုးကုတ်ဒေသ ငွေရပေါက်အတွက်ပါ။ ခက်တာက အဲ့တပ်ကလည်း NUG အောက်က မဟုတ်ဘူး။ NUG ကို ဒီလိုတပ်တွေကအစ မယုံတာ မဟုတ်ဘူး။ EAO တွေလည်း မယုံဘူး။ မယုံလို့လည်း ၁၀၂၇ မှာ PDF တွေ ကူတိုက်ပေးခဲ့ပေမယ့် ဘယ်ဒေသတွေကို စစ်နိုင်နယ်မြေ ခွဲပေးခဲ့ဖူးလို့လဲ။ လားရှိုးကိုရဖို့၊ ကျောက်မဲဒေသတွေကိုရဖို့နဲ့ လက်နက်ခဲယမ်းရဖို့အတွက် EAO တွေဆီမှာ ပေးထားရတဲ့ လူငယ်အင်အားထုရဲ့ အသက်တွေကို ဘယ်သူ တာဝန်ခံပေးမလဲ။ ဘယ်သူမှ တာဝန်ခံမပေးဘူး။
_ခုလက်ရှိ နိုင်ငံမဲ့ အနုပညာသည်တွေ၊ အဆိုတော်တွေလည်း သန်ရာသန်ရာ စီးပွားရှာစားကြလိမ့်မယ်။ အသပြာဒေါ်လာလေး လိုလာရင် ဘာပွဲ၊ ညာပွဲ ခေါင်းစဉ်တပ်ပြီး သူတို့ ဘဝရှင်သန်ရေးအတွက် ခွက်ခေါက်ကြလိမ့်မယ်။ ပူပူနွေးနွေး မြန်မာ့နိုင်ငံရေး အကြောင်း ဂဃနဏ တလုံးတောင် မသိတဲ့ ကင် ကို နိုင်ငံရေးအရ ပွဲထုတ်လာတာပဲကြည့်။
_သေချာတာကတော့ …. တော်လှန်ရေးကြီး ဆင်နွှဲမယ်ပြောပြီး NUG ကို အသစ်ဖွဲ့လိုက်တဲ့ ကြီးမြင့်တို့က Foul ထု၊ လူမြတ်ကျော်တို့ ပန်ဆယ်လိုတို့ကလည်း အောက်လုံးတွေ ပြောပြီးတိုက်ခိုက်၊ ဒီကြားထဲ ဆောင်းခနဲ့ ဆရာဝန် ဗေလုဝ တို့က NUG က ပြုပြင်ပြောင်းလဲဖို့ လိုပါပြီဆိုပြီး ကိုယ်ရည်သွေးလို့ သွေး၊ ဒေသ ပကဖ တွေက သက်ငယ်မုဒိန်းတွေကျင့်ပြီး သိက္ခာကျလို့ကျ။ -စဉ်းစားကြည့်စမ်း။ ဘာ့အတွက် လက်နက်ကိုင်နေကြတာလဲ။ ဘယ်လောက်တောင် သန္ဓေဆိုးတွေနဲ့ ပြည့်နေတဲ့ အဖွဲ့အစည်းကြီးလဲ။ ဒီလိုအဖွဲ့အစည်းအတွက် ဘာလို့များ အသက်တွေဈေးပေါ ပေးနေကြတာလဲ။ မြေပြင်မှာရော တပ်ကို အနိုင်တိုက်နိုင်မယ်လို့ ထင်နေကြတုန်းလား။ NUG ကရော မြန်မာပြည်မှာ အစိုးရပြန်ဖြစ်မယ်လို့ ထင်နေကြတုန်းလား။
-ဒါက ခင်ဗျားတို့ကိုယ်တိုင် ဖြေရမယ့် မေးခွန်းပါပဲ။ တိုက်ပွဲသတင်းစုံ
