စက်တင်ဘာ ၁၄ ရက်၊ မနက်ပိုင်းက စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းမှ ပဲခူးရိုးမအတွင်းသို့ လက်နက်ခဲယမ်းများ သယ်ဆောင်မည့်သတင်းအား တာဝန်သိပြည်သူများကပေးပို့သဖြင့် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့၏ အနောက်ဘက်တွင် ပိတ်ဆို့စောင့်ဆိုင်းနေစဉ် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ ရန်သူများ ဆုတ်ခွာထွက်ပြေး သွားခဲ့ပြီး ရန်သူ့ထံမှ -(၁) အကြမ်းဖက် PDF ၁ လောင်း(၂) လက်နက်မျိုးစုံ ၉ လက် – Type-81 (၂) လက်။ – AK-47 (၁) လက်။ – M-4 (၁) လက်။ – MA-1 (၁) လက်။ – M-16 မောင်းတုံးမပါ (၁) လက်။ – M-16 (M-1) မောင်းတုံး မပါ (၁) လက်။ – ပွိုင့် ၂၂ (၁) လက်။ – အမေရိကန်နိုင်ငံထုတ် RUGER အမျိုး အစား စနိုက်ပါ (၁) လက်။(၃) ကျည်မျိုးစုံ ၆၀၀ တောင့်(၄) ကျည်အိမ်မျိုးစုံ ၅ ခုတို့အား သိမ်းဆည်းရရှိခဲ့ပါသည်။
-တိုက်ပွဲသတင်းစုံ

