▪️တပ်မတော်စစ်ကြောင်းများက KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ခဲ့သည့် ကချင်ပြည်နယ် ဗန်းမော်မြို့အနီးရှိ တပ်ဌာနချုပ်များ၊ တပ်စခန်းများနှင့် ရပ်ကွက်ကျေးရွာအချို့အား ပြန်လည်ထိန်းချုပ်ရရှိခဲ့သည်။
◾ တိုက်ပွဲများအတွင်း ရန်သူ့အလောင်း ၁၆၃ လောင်း၊ လက်နက်မျိုးစုံ ၁၇၈ လက်နှင့် ဆက်စပ်ပစ္စည်းများသာ သိမ်းပိုက်ရရှိခဲ့သော်လည်း အခြားသတင်းရင်းမြစ်များအရ သောင်းကျန်းသူပူးပေါင်းအဖွဲ့များမှ သေဆုံးသူ ၄၆၁၆ ဦးခန့်နှင့် ဒဏ်ရာရရှိသူ ၄၉၈၃ ဦးခန့် ရှိခဲ့ကြောင်းသိရှိရသည်။
◾ အကြမ်းဖက်သောင်းကျန်းသူများ အလင်းဝင်လာနေသလို ထွက်ပြေးသူများနှင့် မြို့အတွင်းခိုကပ် ကျန်ခဲ့သူများကိုပါ ဆက်လက်နှိမ်နင်းနေကြောင်း သိရှိရပါတယ်။









