နိုင်ငံတကာထူးခြားသတင်းမှာ –
-အမေရိကန် ကောင်းကင်ယံတွင် အမြင့် ပေ ၆၀၀၀၀ အထိတက်အလုပ်လုပ်နေသော အရပ်ဖက်လုပ်ငန်းသုံး တရုပ်ထုတ် ဒရုန်း များကို ထရန့် ပိတ်ပင်လိုက်သည်။
-မြန်မာအပါအဝင် ထိုင်း ကေမ္ဘာဒီးယား လာအို ဗီယက်နမ် စသည့် နိုင်ငံ့ခေါင်းဆောင်များထံ သမ္မတ ထရန့်လက်မှတ်ရေးထိုးစာပို့ခဲ့ပြီး သွင်းကုန်အပေါ် အခွန် ၄၀% တိုးကောက်မည်ဖြစ်ကြောင်းနှင့် စာထဲတွင် သူ့နိုင်ငံထဲ စက်ရုံလာထောင်က အခွန်ကောက်မည်မဟုတ်ကြောင်းပါရှိသည် ။
-ဗီဇာမလိုဘဲ ၁ လပြည်ဝင်ခွင့် ၊ ၇၄ နိုင်ငံအထိ တိုး ခွင့်ပြုပေးခဲ့ပြီး ခရီးသွားသန်း ၂၀ အထိရှိလာကြောင်း တရုပ်ကပြောသည်။
-ထိုင်းတောင်ပိုင်း မလေး နယ်စပ် ပါတ်ထနီ မြို့ ဗုံး ၂ လုံးကွဲရာ ရဲ ၉ ဦးဒဏ်ရာရခဲ့ခြင်းအပေါ် မလေးမွတ်ဆလင်များလက်ချက်ဟု ဆိုသည် ။
-ဇူလိုင် ၇ ရက်က တာဝန်မှအနားပေးခံရသော ရုရှား ပို့ဆောင်ရေးဝန်ကြီး ရိုမက်တာရိုဗွိုက်၊ ၈ ရက်နေ့တွင်မိမိကိုယ်သတ်သေသွားကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်၊၎င်းသည် ဝန်ကြီးမဖြစ်မှီက ယူကရိမ်းဝင်တိုက်ခံရသော ကာဒ့် ဒေသ အုပ်ချုပ်ရေးမှုးတာဝန်ယူစဥ် ခံစစ်ပြင်ရန်အစိုးရထုတ်ပေးငွေ အလွဲသုံးစားမှု့နှင့် ဆက်စပ်နေဟန်ရှိသည်။
-ဖုန်းပြောဆိုမှု့အသံဖိုင် ဟွန်ဆန် ဘက်မှပေါက်ကြား၍ ထိုင်းဝန်ကြီးချုပ် ရာထူးဆိုင်းငံ့ခံရပြီးနောက် ဟွန်ဆန်၏မိတ်ဆွေ ထိုင်း စီးပွားရေးလုပ်ငန်းရှင် ခေါအန်း ကို ကျားဖြန့်လုပ်သည်ဆိုကာ ဇိမ်ခံကားများအပါအဝင် ဘတ် ၂၇ သန်းဘိုး ထိုင်းရဲကသိမ်းသွားသည်။
-ထိုင်း ပညာရေးဝန်ကြီးသည် ၎င်း၏ ဖေ့ဘုတ်အကောင့် လူမှု့ကွန်ယက်တွင် စာလုံးပေါင်းများ မကြာခန မှားနေ၍ ဝေဘန်ခံနေရရာ ၎င်း က ဖေ့ဘုတ် သည် စာလုံးပေါင်းစစ်ဆေးသောစာမေးပွဲမဟုတ်ဟု တုန့်ပြန်ခဲ့သည်။
ပြည်တွင်းထူးခြားသတင်းမှာ –
-ငလျင်ဘေးသင့်ပြိုကျအိမ် ၅၄၀၀၀ အတွက် ငွေကျပ် ၁.၆ ထရီလီယံဘိုး ဘိလပ်မြေ သံချောင်း သစ် သွပ် သံ များထောက်ပံ့မည်ဟု လူကယ်ပြန်ဝန်ကြီးဌာနကထုတ်ပြန်သည်။
-ကျောက်မဲ ၊ မိုးကုတ် ၊ ဖယ်ခုံ ၊ သံတွဲ ၊ စဥ့်ကူး ၊ ဖားကန့် သူပုန်အခြေပြုနေရာများ တပြိုင်နက်တည်း ဗုံးကြဲခံရသည်။
-မြစ်တွင်းရွှေမျှောများမှအခွန်ကောက်နေသော မန်း CDM ခေါင်းဆောင် ဒေါက်တာတေဇာစန်း အား ဝင်ငွေစစ်ဆေးမည်ဟုပြောခဲ့သော NUG အဖွဲ့ကို အရည်အချင်းရှိသူများနှင့်ပြန်ဖွဲ့ရန် ၎င်းကတုန့်ပြန်ဝေဖန်လိုက်သည်။
-ချင်းသူပုန်အချင်းချင်းရန်မဖြစ်ကြရန် NUG တိုက်တွန်းလိုက်ပြီး လိုအပ်က ညှိနှိုင်းပေးသွားမည်ဆိုသည်။
-ပဲခူးမြို့နယ် ရွှေပန်းကျေးရွာတွင် လေဖြတ်နေသောမိခင်အား ပြုစုနေသူ အသက် ၂၄ နှစ်အရွယ် မိန်းမပျိုအား နုဂ္ဂဟ ကျေးရွာမှ အသက် ၁၇ နှစ် နှင့် ၁၉ နှစ်အရွယ် လူငယ် ၂ ဦးက အဓမ္မပြုကျင့်ခဲ့၍ အမှတ် ၁ ရဲစခန်းက ဖမ်းသည် ၊ ယ္ခင်လကလည်း ကျောင်းသားငယ် ၁၇ ဦးကို လိင်ဆက်ဆံခဲ့သော နုဂ္ဂဟ ကျေးရွာ တာဝန်ခံကျောင်းအုပ်ကိုတရားစွဲထားသေးသည်။
