ကရင်ပြည်နယ် သင်္ဃန်းညီနောင်ဒေသထဲ ထိုးစစ်အဟုန်နဲ့ဝင်နေတဲ့ တပ်မ ၂၂ တပ်တွေဟာ ဘယ်တပ်က အလောင်း ဘယ်နှစ်ဆယ်ရပြီး ဘယ်တပ်က သေနတ် ဘယ်နှစ်ဆယ်ရကာ အရှင်ဘယ်လောက်မိသလဲဆိုတာကိုပဲ ပြိုင်နေကြသတဲ့။
ချီးကျူးဂုဏ်ပြုတွေ ဘွဲ့ထူး ဂုဏ်ထူးတွေကို လည်း သူ့တပ်နဲ့ ငါတပ် အပြိုင်ဆိုသလို တင်နေကြတာ အံ့မခန်းပါပဲတဲ့။
သွေးသစ်လောင်းထားတဲ့ တပ်မတော်ရဲ့ ဒီမျိုးဆက်ဟာ အကြမ်းဖက်သောင်းကျန်းသူတွေအပေါ် တော်တော်လေး နာကြည်းနေတာတွေ့ရလို့ တိုက်စစ်အဟုန်ဖွင့်ပြီး ဒေါသအဟုန်နဲ့ပေါက်ကွဲပြနေတယ်။
အချို့နေရာ မှာ တိုင်းရင်းသားစည်လုံးညီညွတ်ရေးကို ထောက်ရှုပြီး ထိန်းထိန်းသိမ်းသိမ်းနဲ့သတင်းထုတ်ပြန်နေရတယ်။ ဥပမာ ရန်သူ့အလောင်းရာနဲ့ချီ ရရင်တောင် ၂၀ လောက် ၃၀ လောက်ရတယ် ဆိုတာလောက်ပဲ ကြေညာတဲ့ သဘောတွေ့ရတယ်။
ဒီပုံတိုင်းဆိုရင်တော့ ပြည်တွင်းသောင်းကျန်းမှု အမြစ်ပြတ်ချေမှူန်းရေးက ဒီမျိုးဆက်လက်ထက်မှာ ရလာနိုင်တဲ့ သဘောပါပဲ။တစ်ခုတော့ရှိပါတယ်၊ အရင်လိုပဲ သောင်းကျန်းသူတွေကို ရင်ဆိုင်ထိန်းချုပ်ရေးမူကိုပဲ ဆက်ကိုင်မလား၊ အမြစ်ပြတ် ချေမှူန်းရေးမူကို ကျင့်သုံးမလားဆိုတာကတော့ ဆက်စောင့်ကြည့်ရမှာပေါ့။
(မင်းသုန္ဒရ)
