စက်တင်ဘာ ၉ ရက် (ယနေ့) နံနက်ပိုင်းတွင် နောင်ချို-မိုးကုတ်လမ်းအပိုင်းတွင် နယ်မြေရှင်းလင်းသည့် စစ်ကြောင်းများနှင့် အကြမ်းဖက် TNLA အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရန်သူအခြေပြုနေရာများအား အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၂ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ-
(၁) အကြမ်းဖက် TNLA ၄ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
(၃) ကျည်အိမ် ၁၁ ခု၊ ကျည်ဆန်များ
(၄) လက်ပစ်ဗုံး ၆ လုံး
(၅) မိုင်းမျိုးစုံ ၄ လုံး
(၆) ပစ်ကျင်း/ဘန်ကာများ
(၇) အဆောက်အဦများ သိမ်းပိုက်ရရှိခဲ့သည်။

