နိုင်ငံတကာထူးခြားသတင်းများ
-တူရကီတွင် ထရန့်နှင့် ပူတင်သည် ဇလန်းစကီးနှင့်ဆုံ၍ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု သတင်းထွက်ပေါ်ခဲ့သော်လည်း တကယ်တန်းဆွေးနွေးပွဲ၌ ထရန့်ရော ပူတင်ပါ ရောက်မလာဘဲ အဆင့်နိမ့်ကိုယ်စားလှယ်များသာစေလွှတ်လိုက်၍ ဇလန်းစကီး စိတ်ပျက်လျှက်ရှိသည် ။
-၂၀၂၁ ခုနှစ်က အာဏာသိမ်းခဲ့ပြီး ရွေးကောက်ပွဲလုပ်ပေးမည်ဟု ပြောခဲ့သော မာလီစစ်အစိုးရက နိုင်ငံရေးပါတီအားလုံးကို ဖျက်သိမ်းလိုက်ပြီး စစ်ခေါင်းဆောင် ဂိုတီယာက သမ္မတအဖြစ် နောက်ထပ် ၅ နှစ်အုပ်ချုပ်မည်ဟု သိရသည် ။
-ကန် – အီရန် နူ ဆွေးနွေးပွဲ တိုးတက်မှု့ရှိကြောင်း နှင့် အကြမ်းပတမ်းနည်းသုံးစရာမလိုတော့ကြောင်း ထရန့် က ပြောသည် ။
ပြည်တွင်း ထူးခြားသတင်းများ
-ချင်းပြည်နယ်အတွင်း၌ နိုင်ငံခြားသားကြေးစားစစ်သားများမရှိကြောင်း ချင်းသူပုန်အုပ်စုကငြင်းဆိုသော်လည်း နော်ဝေ အခြေစိုက် ကြေးစားစစ်မှု့ထမ်းအဖွဲ့ဖြစ်သော NorArm Tactical အဖွဲ့မှ ချင်းသူပုန်များအား စစ်သင်တန်းပေးနေပုံကို ၎င်းအဖွဲ့၏ လူမှု့ကွန်ယက်၌ ဖော်ပြခဲ့သည်။
-တပ်မတော်နှင့်ငြိမ်းချမ်းရေးယူသင့်ကြောင်း အင်ဘန်လ ကို အကြံပေးခဲ့သော KIO ဥက္ကဌဟောင်း ဇောင်းခရား လိုင်ဇာတွင် သေသည်။
-မိမိတို့အပစ်ရပ်ထားသည်ကိုအခွင့်ကောင်းယူ၍ ထိုင်းနယ်စပ်ရှိ တာလယ်စခန်း KNU/KNDO တိုက်ခိုက်၍ဆုတ်ခွာခဲ့ရပြီး သမိုင်းဝင် မယ်လစခန်းကို ဆက်လက်တိုက်ခိုက်နေသဖြင့် ရွာသား ၄၀၀ ကျော် ထိုင်းဘက်ထွက်ပြေးသည်။
-နွားထိုးကြီး တောင်သာ မြင်းခြံ ဆီမီးခုံ ငဇွန် တဝိုက်မိမိစခန်းများကို PDF တို့တပြိုင်နက်ဝင်တိုက်ကြသော်လည်း ၎င်းတို့အကျအဆုံးများစွာဖြင့် ထွက်ပြေးသွားရသည် ။
