ထွန်းမြတ်နိုင်အပါအဝင် တာဝန်ရှိသူများကို ဖမ်းမိန့်ထုတ်ပေးရန် BROUK အဖွဲ့က အာဂျင်တီးနားတရားရုံးကို လျှောက်ထား

ဘင်္ဂါလီများကို လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် အကြမ်းဖက် AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်နှင့် လက်ထောက်စစ်ဦးစီးချုပ် ညိုထွန်းအောင် အပါအဝင် အကြီးတန်းအရာရှိများကို အဆိုပါအမှုဖြစ်စဥ်အတွင်း ထည့်သွင်းရန် ဗြိတိန်အခြေစိုက် ဘင်္ဂါလီအရေးလှုပ်ရှားသည့် Burmese Rohingya Organisation UK – BROUK အဖွဲ့က စက်တင်ဘာ ၃ ရက်တွင် အာဂျင်တီးနိုင်ငံနိုင်ငံ ဗျူနိုအေးရိစ်မြို့တော်ရှိ ဖက်ဒရယ်တရားရုံးသို့ အသနားခံလျှောက်ထားခဲ့ကြောင်း သိရသည်။

ထိုသို့ တရားဝင် အသနားခံလျှောက်ထားခြင်းအားဖြင့် AA အကြမ်းဖက်အဖွဲ့၏ ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်နိုင်ရန် BROUK အဖွဲ့က မျှော်လင့်ထားပြီး အဆိုပါ AA အကြမ်းဖက်အဖွဲ့အနေဖြင့် လွန်ခဲ့သည့်တစ်နှစ်ကျော်အတွင်း လူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှု၊ လိမ်အကြမ်းဖက်မှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် အငတ်ဘေးကျရောက်စေမှုတို့အပါအဝင် ဘင်္ဂါလီများကို ဆန့်ကျင်သည့် ဖိနှိပ်မှုများကို ပြုလုပ်ခဲ့သည်ဟု BROUK အဖွဲ့ကဆိုထားသည်။

AA အကြမ်းဖက်အဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် မေ ၂ ရက်က ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ရှိ ထန်းရှောက်ခံရွာတွင် တစ်ရက်တည်းမှာပင် ရာနှင့်ချီသော ဘင်္ဂါလီများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့သော ကြမ်းကြုတ်ရက်စက်သည့် ရာဇဝတ်မှုများကြောင့် ဘင်္ဂါလီအများစု ၎င်းတို့နေအိမ်များနှင့် ကျေးရွာများကို စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုလ်ကာ တာ့ခ်က ဩဂုတ် ၂၉ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ AA အကြမ်းဖက်အဖွဲ့ သတ်ဖြတ်မှုကြောင့် အစုလိုက်သေဆုံးနေပြီး အရိုးစုများဖြစ်နေသည့် ဘူးသီးတောင်မြို့နယ် ထန်းရှောက်ခံရွာမှ ဘင်္ဂါလီ ၆ဝဝ ကျော်၏ ဓာတ်ပုံများကို ဘင်္ဂါလီအရေး ဆောင်ရွက်သည့် ARNC အဖွဲ့က သြဂုတ် ၄ ရက်တွင် ထုတ်ပြန်ခဲ့သော်လည်း ထိုရုပ်အလောင်းများသည် တပ်မတော်များ၏ ရုပ်အလောင်းများဖြစ်ကြောင်း AA အကြမ်းအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ငြင်းဆိုထားသည်ဟု သိရသည်။

crd mht news

Leave a Reply

Your email address will not be published. Required fields are marked *