မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း အကြမ်းဖက်သမားများ၏ စခန်း ၁ ခု သိမ်းပိုက်ရရှိ

စက်တင်ဘာလ ၁၇ရက် မကွေးတိုင်းဒေသကြီး ၊ ပေါက်မြို့နယ်၊ စွန်စိတ်ကုန်းရွာအနီးဝန်းကျင်တွင် PDF အကြမ်းဖက်သမားများ စုဖွဲ့နေထိုင်လျက်ရှိကြောင်းအကြမ်းဖက်မှုကိုမလိုလားသောတာဝန်သိပြည်သူများမှသတင်းပေးပို့လာသဖြင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးအဖွဲ့များမှ မနေ့က နေ့လယ်ပိုင်းအချိန်သွားရောက်ရှင်းလင်းရာအကြမ်းဖက်သမား ၅၀ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများမှာ အရှေ့မြောက်ဘက်သို့ထွက်ပြေးသွားခဲ့။

ဖြစ်စဉ်အတွင်း မိမိထိခိုက်မှုမရှိပဲ အကြမ်းဖက်သမားများထံမှ အောက်ပါ လက်နက်ခဲယမ်းပစ္စည်းများနှင့် စခန်း ၁ ခုအားသိမ်းဆည်းရရှိခဲ့ပါသည်–

အရပ်ဝတ်ကျားအလောင်း ၃ လောင်းMA-1 သေနတ် ၂ လက်( ပြောင်းကာ/ဒင် ပျက်စီး)- ပစ္စတို ၁ လက်- လက်လုပ်သေနတ် ၂ လက်- 81 အမှတ်အသားပါ ကျည် ၃၀၀ တောင့်- အေကေကျည် ၂၀ တောင့်- ၉ မမကျည် ၁၅၀ တောင့်- အီနာဂါ ၁၉ လုံး- ၄၀ မမ ဗုံးသီး ၅ လုံး- M-14 နင်းမိုင်း ၂၂ လုံး (ဖျူးစ် ၂၅ ချောင်း)- ကျည်အိမ်မျိုးစုံ ၃၂ ခု- I-Com အထိုင်စက် ၂ လုံး(ကောင်း ၁၊ မကောင်း ၁)- I-Com ( အသေး) ၁၄ လုံး- ကျည်ကာ ဦးထုပ် ၂၁ လုံး(တပ်မတော်ထုတ် ၁၄ လုံး၊ ပြင်ပထုတ် ၇ လုံး)- DJI Mavic 3 Drone ၁ စီး- Hexa Drone ၁ စီး( မကောင်း )- Laptop ၂ လုံး- Projector ၂ လုံး- Epson Printer ၁ လုံး- မှန်ပြောင်း ၃ ခု- ပြောက်ကျားယူနီဖောင်း ၉၇ စုံ- ဆိုင်ကယ် ၂ စီး- ရေစုပ်စက် ၁ လုံး- Starlink mini ၁ လုံး- ဘက်ထရီ ၁ လုံး- အင်ဗာတာ (3000 W) ၁ လုံး- ဆိုလာ(320 W) ၂ ချပ်- ပစ်ကျင်း ၃၅ ကျင်း- ဆက်သွယ်ရေးမြောင်း ၄၇၀ ပေ- လူနေတဲ(၄၀ ပေ* ၂၀ ပေ) ၂ လုံး- လူနေတဲ(၁၅ ပေ* ၁၀ ပေ) ၃ လုံး- ထမင်းစားဆောင် ၁ လုံး- မီးဖိုတဲ ၁ လုံးတို့အားသိမ်းဆည်းရရှိခဲ့ပြီး ရန်သူပြန်လည် အသုံးမပြုနိုင်ရေး ဖျက်စီးခဲ့ပြီးလုံခြုံရေးအဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

Fifty Two News

Leave a Reply

Your email address will not be published. Required fields are marked *