တပ်မတော်ရဲ့ အောင်ဇေယျ စစ်ကြောင်း ထိုးစစ်ပြုလုပ်လာခြင်းကြောင့် ၃၂ ဗျူဟာက စခန်းအချို့ နောက်ဆုတ်ပေးခဲ့ရတယ်လို့ အကြမ်းဖက်အားပေးမီဒီယာတွေက တင်ထားပါတယ်။
ယမန်နေ့( စက်တင်ဘာ ၄ရက်)၊ ညနက်ပိုင်း(စက်တင်ဘာ ၅ရက် နံနက်အစောပိုင်း)တွင် အောင်ဇေယျစစ်ကြောင်းက လက်နက်ကြီးများစွာ ပစ်ခတ်ပြီးနောက် အာရှလမ်းမကြီးရှိ တောနော်ရေတံခွန်ဘက်မှ အတွင်းကွင်းကလေးကျေးရွာသို့ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ ကွင်းလေးဘက်ကို ဖောက်ဝင်လာတာမို့ ၃၂ ဗျူဟာက အကုန်နောက်ဆုတ်ပေးလိုက်ရတယ်လို့ သိရပါတယ်။
၃၂ ဗျူဟာသည် ကော်ဘရာစစ်ကြောင်းနှင့် ဗီနွန်စစ်ကြောင်းတို့ ပူးပေါင်းထားသည့် ဗျူဟာဖြစ်ပြီး KNU တပ်မဟာ ၆ နယ်မြေအတွင်း အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်နေသည့် တာဘောဦးဆောင်သည့် ဗျူဟာတစ်ခုလည်းဖြစ်သည်။

