စက်တင်ဘက် ၄ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ သဖန်းခါးတောင်ကြောအား နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် AA စခန်းကုန်း ၁ ခုအား တွေ့ရှိသဖြင့် စီးနင်းတိုက်ခိုက်ရာ ၁၀ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားပြီး ရန်သူဆုတ်ခွာထွက်ပြေးသွားခဲ့သည်။
ကျောက်ဖြူဒေသတွင် တပ်မတော်အနေဖြင့် ရန်သူအခြေပြုနေရာများအား တစ်ခုပြီး တစ်ခု၊ တစ်ရွာပြီး တစ်ရွာ၊ တစ်ကုန်းပြီး တစ်ကုန်း အောင်မြင်စွာဖြင့် နယ်မြေရှင်းလင်းလျက်ရှိပါသည်။ အဆိုပါရက်တွင်လည်း ရန်သူအခြေပြုထားသည့် ဓာတ်အားခွဲရုံကိုလည်း သိမ်းပိုက်ရရှိပြီး ဖြစ်သည်။
ရန်သူမှာ တပ်မတော်စစ်ကြောင်းများ၏ တိုက်ခိုက်မှုများကို ကြာရှည်စွာ တောင့်မခံနိုင်ဘဲ ဆုတ်ခွာထွက်ပြေးနေကြကြောင်း သိရှိရသည်။
#crd



