အလောင်း၊ လက်နက်၊ အရှင်မိသူများ ရရှိ (ဗန်းမော်)

ဒီသတင်းကို ပြောပြချင်နေတာ .. ကိုယ်ပြောလိုက်လို့ ရန်သူခြေရာခံမိမှာစိုးလို့ မပြောတာပါ။

ဖြစ်စဉ်က ဘာလဲဆိုတော့.. ဒီနေ့ ဗန်းမော်ဒေသမှာ တပ်မတော်စစ်ကြောင်းတွေက ရန်သူအခြေပြုရာနေရာတွေကို တစ်ခုပြီး တစ်ခု၊ တစ်ကုန်းပြီး တစ်ကုန်း နယ်မြေရှင်းသိမ်းပိုက်လျက်ရှိပါတယ်။

High light ထုတ်ပြောရမယ်ဆိုရင် ဗန်းမော်၊ ရွေပြည်သာကွက်သစ်၊ တင့်ကားတပ်ရင်းတို့ပဲဖြစ်ပါတယ်.. ကျန်နေရာတွေကိုလည်း စစ်ကြောင်းတွေက အောင်မြေချဲ့နေပါတယ်။

အဲဒီဒေသက ထိတွေ့မှုတွေမှာ မိမိဘက်က ၃ ဦး ဒဏ်ရာရရှိပြီး အကြမ်းဖက် KIA/PDF ၅ လောင်း၊ လက်နက်မျိုးစုံ ၃ လက် ရရှိခဲ့ပြီး ဒဏ်ရာရနေတဲ့ PDF ၇ ဦးကို သေနတ် ၄ လက်နဲ့အတူ သိမ်းဆည်းရရှိခဲ့ပါတယ်။

ထူးဆန်းတာက အရှင်မိသူအားလုံးက ဗမာ PDF တွေပါ.. ပင်လည်ဘူးဘက်က PDF က ၂ ဦး၊ ဆားတောင်က ၁ ဦး၊ ဒီပဲယင်းက ၃ ဦးနဲ့ မော်လူးက ၁ ဦးပဲဖြစ်ပါတယ်။ အခုတော့အသေးစိတ် စစ်ဆေးနေဆဲပါ။

ပြောလို့ရတာတစ်ခုက KIA အရာရှိကြီးအဆင့်ရှိသူ ၁ ဦး ကျသွားတဲ့အချိန်.. အဲဒီ DB ကို ဆွဲထုတ်နေတုန်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်.. ကချင်သူပုန်တွေက သူတို့အလောင်းတွေကို မရ ရအောင် သယ်ထုတ်သွားပြီး ဒဏ်ရာရနေတဲ့ ဗမာ PDF တွေရဲ့ သေနတ်ကိုသာ ယူဆောင်သွားပြီး လူတွေကိုတော့ ဒီအတိုင်း စွန့်ပစ်ထားခဲ့တယ်လို့ သိရပါတယ်။

အံ့ဩစရာတော့ မရှိပါ.. KIA သူပုန်ဆိုတာ သူတို့လူမျိုးချင်း KIA တွေကိုသာ ကယ်ထုတ်ပေမယ့် ဗမာ PDF တွေရဲ့ သေဆုံး/ဒဏ်ရာရသူတွေကို ဘယ်တော့မှ ပြန်ဆွဲထုတ်လေ့ မရှိပါ။

အခုတော့ အရှင်မိတွေကို တပ်မတော်က ကျွေးမွေးစောင့်ရှောက်ထားပါတယ်။

ဘာလို့ အဆုံးမစီရင်လဲ မေးလာခဲ့ရင်.. သူတို့က ဗမာ PDF တွေကြောင့်မို့ပဲ ပြောချင်ပါတယ်။ ကျန်တာ ကျနော် ပြောခွင့် မရှိပါ။

(ပုံတွေ ဖော်ပြခွင့်ရှိပါက ဖော်ပြပါမည်)

တိုက်ပွဲသတင်းစုံ

Leave a Reply

Your email address will not be published. Required fields are marked *