စက်တင်ဘာ ၁ ရက် တနင်္လာနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ဝါရှင်တန်ဒီစီ တွင် သေဒဏ်ပါယ်ဖျက်ထားမှု့ပြန်အသက်သွင်းရန် သမ္မတထရန့်စီစဥ်နေပြီး တနိုင်ငံလုံးပြန်ကျင့်သုံးရန်တိုက်တွန်းခဲ့သည် ၊ အမေရိကန်တွင် ၁၉၇၂ ခုနှစ်မှစ၍ တနိုင်ငံလုံးသေဒဏ်ပါယ်ဖျက်ခဲ့သော်လည်း ပြည်နယ် ၅၀ အနက် ၂၇ ပြည်နယ်တွင်ပြန်ကျင့်သုံးခဲ့ပြီးဖြစ်သည်။

-အင်ဒိုနီးရှားတွင် အလုပ်လက်မဲ့လူငယ်တစ်ဦးအား ရဲ ၇ ဦးကဝိုင်းရိုက်၍ သေဆုံးခဲ့ပြီးနောက် နိုင်ငံတဝှမ်းဆန္ဒပြပွဲများကျယ်ပြန့်စွာဖြစ်ပွားလာသည် ၊ အလုပ်လက်မဲ့ထူပြောခြင်း ၊ လွှတ်တော်အမတ်များ လစာ အဆမတန်များပြားနေခြင်း တို့ကိုမကြေနပ်သောလူအုပ်ကြီးက လွှတ်တော်အထိ အကြမ်းဖက်ဆန္ဒပြခဲ့၍ လူ ၅ ဦးသေဆုံးခဲ့သောကြောင့် အင်ဒိုသမ္မတသည် တရုပ်ခရီးစဥ်ကို ပါယ်ဖျက်ခဲ့ရသည်။

-ယူကရိန်း လွှတ်တော်ဥက္ကဌဟောင်း အန်ဒရိုဘာယူဘီရီ ( ၅၄ ) နှစ် သည် လက်ဂရူးမြို့နေအိမ်ရှေ့၌ လျှပ်စစ်စက်ဘီးဖြင့်လာသူ ဒယ်လီ သမားအယောင်ဆောင်က ပစ်ခတ် ၍ သေဆုံးခဲ့ပြီး တရားခံထွက်ပြေးလွတ်မြောက်သည်။

-ရုရှား – ယူကရိန်း စစ် သို့ မြောက်ကိုးရီးယားစစ်သား ၁၀၀၀၀ ကျော်စေလွှတ်ခဲ့ရာ ၆၀၀ ခန့်ကျဆုံးခဲ့ပြီး ကျန်ရစ်သူမိသားစုကို ဂုဏ်ပြုဆုတံဆိပ်များပေးအပ်၍ သားသမီးများနောင်ရေးကိုနိုင်ငံတော်မှအပြည့်အဝစောင့်ရှောက်မည်ဟု ခေါင်းဆောင် ကင်ဂျုံအန်း က ကြေငြာသည်။

ပြည်တွင်းထူးခြားသတင်းများ

-မင်းကင်းတွင် ရွှေမြောဖောင်လုပ်ကွက်များ အကောက်ရငွေအဝေမတည့်ဖြစ်ကာ PDF ၅ ယောက်ကို ပလဖ/ပအဖ အဖွဲ့က အချင်းချင်းဖမ်းဆီးနှိပ်စက်နေခြင်းကို ဒေသခံ ၂၀၀ ကျော်က ဆန္ဒပြနေသည်။

-ကယားပြည်နယ် ဒီမောဆိုး ငွေတောင်ရွာအနီး နှင့် ကချင်ပြည်နယ် ဝိုင်းမော်အနီး လမြန်းရွာ အနီးတွင် တပ်မတော်စစ်ကြောင်းများထိတွေ့တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက် အကျအဆုံးရှိသည်။

-မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းရှင်းလင်းရေးဆောင်ရွက်နေသော တပ်စစ်ကြောင်းများ သံချပ်ကာ ဒရုန်း စစ်ကူများဖြင့် နှစ်ဖက်ညှပ်ကာ အင်အားရာချီဖြည့်တင်း တိုက်စစ်ဆင်လျှက်ရှိရာသင်္ကြန်ကူးရွာအနီး တိုက်ပွဲပြင်းထန်နေသည်။

-တရုတ်နိုင်ငံ တီယင်ကျန်း မြို့တွင် တရုပ် – မြန်မာ စီးပွားရေးဆောင်ရွက်မှု့မြှင့်တင်ရေး အစည်းဝေးတွင် မြန်မာတာဝန်ရှိသူများ နှင့် UMFCCI ဥက္ကဌ အပါအဝင် မြန်မာပြည်၌ ရင်းနှီးမြှပ်နှံအလုပ်လုပ်နေသော တရုပ်စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ခဲ့ပြီး တရုတ်ဓါတ်ငွေ့ရေနံပိုက်လိုင်း ၊ မြစ်ဆုံတမံ ၊ ကူမင်း – မန္တလေး – ကျောက်ဖြူ အမြန်ရထားလမ်းစီမံကိန်းများ ပါဝင်ကြောင်းထုတ်ပြန်ခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *