စက်တင်ဘာလ ၁ ရက် နေ့လည် ၁ နာရီခန့်တွင် အများပြည်သူသွားလာနေသော ရေး-ထားဝယ် ကားလမ်း မကြီးပေါ်၌ အကြမ်းဖက် မွန်ခွဲထွက်အဖွဲ့မှ ကလိန်အောင်မြို့ မရမ်းချောင်းကျေးရွာ မြောက်ဘက်ကျောက်မိုင်း အနီးတွင် ပေပါခွန်များနှင့် ရာဘာပင်များအား ခုတ်လှဲ၍ လမ်းများပိတ်ဆို့ထားပြီး မိုင်းများထောင်ထားမှုကြောင့် ၎င်းနေရာအနီးသို့ ခရီးသွားပြည်သူများ သွားလာစဉ် ၎င်းအကြမ်းဖက်အဖွဲ့များ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲခဲ့၍ ကလေးငယ် ၁ဦး သေဆုံးခဲ့ပြီး ပြည်သူ ၂ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အပြစ်မဲ့ပြည်သူ လူထုအား ခရီးသွားလာမှုခက်ခဲအောင် နှင့် ထိတ်လန့်မှုများဖြစ်ပေါ်နေစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသော ၎င်းအကြမ်းဖက်အဖွဲ့များအား တပ်မတော်စစ်ကြောင်းများမှ နယ်မြေရှင်းလင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




