၂၀၂၅ အမျိုးသမီးယူရိုပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဥ်မှာ စပိန်အသင်းက အိမ်ရှင် ဆွစ်ဇာလန်အသင်းကို
၂-၀ ဂိုးနဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ် တက်ရောက်ခဲ့
ပါတယ်။
စပိန်က အနိုင်ဂိုးနှစ်ဂိုးစလုံးကို ဒုတိယပိုင်းမှာ သွင်းယူခဲ့ပါတယ်။
ဆီမီးဖိုင်နယ်မှာ စပိန်အသင်းဟာ ပြင်သစ်-ဂျာမနီပွဲက အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Photos: UEFA Women’s Euro 2025
