နိုင်ငံတကာထူးခြားသတင်းများ
-လာမည့်ရွေးကောက်ပွဲတွင် အသက် ၁၆ နှစ်မှစ၍ မဲပေးခွင့်ရမည်ဟု ဗြိတိန် အစိုးရက ကြေငြာသည်။
-ရှိပ်ဟာစိနာ ၏ ဇာတိမြို့ ဂိုဘာဂျပ် သို့ ဆန္ဒပြကျောင်းသားများထောင်ထားသည့် ပါတီသစ် နေရှင်နယ်စီတီဇင် အဖွဲ့ဝင်များ ယဥ်တန်းဖြင့်ရောက်လာစဥ် ဒေသခံများကဆန္ဒပြရာ ရဲ ကဖြိုခွင်းသဖြင့် ၄ ယောက်သေသည်။
-၅ နှစ်အတွင်း ပထမဆုံး ယူကရိန်းအစိုးရအပြောင်းအလဲလုပ်ခဲ့ရာ အသက် ၃၉ နှစ်အရွယ် မစ္စစ် ဆပ်ဗရီဒန်တို ဝန်ကြီးချုပ်ဖြစ်လာသည်။
-ဆီးရီးယားနိုင်ငံ ဒရူဇီ လူမျိုးစုများ၏ ရှဝိုက်ဒါ မြို့မှ အစိုးရတပ်များပြန်ဆုတ်ခွာစဥ် လမ်းများပေါ်၌ အလောင်း ၆၀ ကျော်မြင်တွေ့ခဲ့ရကြောင်း သတင်းထောက်များကပြောသည်။
-အီရတ် အရှေ့ပိုင်း ကွစ် မြို့ အသစ်ဆောက်ထားသော ၅ ထပ်မြင့် ဟိုက်ပါမော ကုန်တိုက်မီးလောင်ရာ ၆၀ ကျော်သေသည်။
ပြည်တွင်းထူးခြားသတင်းများ
-TNLA ၄ ဦး ၊ DPLA ၅ ဦး ၊ MDY – PDF မ ၂ ကျား ၃ ပေါင်း ၅ ဦး ၊ KIA ၁၀ ဦး လက်နက်များနှင့်အတူအလင်းဝင်သည်။
-ကျောက်မဲမြို့နယ် ကျူရှော(ပလောင်ရွာ) ၊ ဝက်လက်မြို့နယ် ရှားကွဲ ၊ ငါပတ်ချောင်း ၊ စဥ့်ကူးမြို့နယ် ထုံးကြီး ၊ ရေလယ်မှော် အနီးရှိ သူပုန်အခြေစိုက်ရာများ ဗုံးကြဲရှင်းလင်းသည်။
-ဂန့်ဂေါမြို့နယ် ကန်ဇွန်းဒေါင့်ရွာအနီး GZA စစ်ဦးစီးချုပ် အောင်ကျော်မျိုးထက် ၊ ပါကြီး ၊ ဘီလူး နှင့် အခြား ၄ ဦး ၊ ပေါင်း ၇ ဦးကို NUG လက်အောက်ခံ ယော PDF ရင်း ၁၀ ခွဲ ၇ မှ သားငယ် ၊ ကောင်းကောင်း ၊ ယောလေး ၊ ဆန်းကိုဦးတို့အဖွဲ့မှ ရန်ပုံငွေကိစ္စစကားများပြီး သတ်ဖြတ်ခဲ့သည် ။
-KNU ဘိတ် ထားဝယ်ခရိုင် တပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားနေရာ PDF များ ကြားဝင်မပါရန် KTLA ထားဝယ်အဖွဲ့ ခေါင်းဆောင် စောထားကေ က ပြောသည်။
-မွန်ပြည်နယ်အတွင်း တရားမဝင်ကုန်စည်တင်လာသော ကားအစီး ၁၆၀ ဖမ်းထားသည်။
