၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်အတွင်း အကြမ်းဖက် PDF နှင့် သောင်းကျန်းသူသေဆုံးမှုစာရင်းများ

ဇူလိုင်လ ၁ ရက်မှ ၁၅ ရက်(လဝက်)အတွင်းမှာ တပ်မတော်အနေနဲ့ ရန်သူ့အလောင်း (၁၉၂) လောင်း (လက်ဝယ်ရ)၊ အရှင်မိရန်သူ (၂၇) ဦး၊ အမြင်မှန်ရလို့ အလင်းဝင်လာတဲ့ရန်သူ (၁၉) ဦး ရှိခဲ့ပါတယ်။

ရန်သူ့အလောင်း/လက်နက် အများဆုံးရရှိတာကတော့ ရခိုင်ဒေသဖြစ်ပြီး AA သူပုန်အလောင်း (၆၁)လောင်း ရရှိကာ လက်ရှိတွင်လည်း ကျောက်ဖြူမြို့နယ်က အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေ၍ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး Drone/လက်နက်ကြီး ပစ်ကူယူ စစ်ကြောင်းထိုးချေမှုန်းနေမှုကြောင့် အကြမ်းဖက် AA သူပုန်တွေအနေနဲ့ တဖြည်းဖြည်း ဆုတ်ခွာနေတာကို တွေ့ရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ရမခနယ်မြေအတွင်းမှာ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲလျက်ရှိပြီး လက်ရှိအချိန်မှာ နောင်ချိုမြို့ကို သိမ်းပိုက်ပြီးဖြစ်လို့ လာမယ့် လဝက်ဇယားချုပ်တွင် ရန်သူ့အလောင်းဦးရေ များပြားလိမ့်မယ်လို့ ကြိုတင်အသိပေးပါရစေ။

တပ်မတော်/လခရအဖွဲ့များအနေနဲ့ အောင်စိတ်ပြင်းပြမှု၊ ပြည်သူ့စစ်မှုထမ်းတွေရဲ့ တိုက်ရည်ခိုက်ရည်ပြည့်ဝမှု၊ ပြည်သူလူထုရဲ့ တပ်မတော်အပေါ် အားပေးယုံကြည်ထောက်ခံမှုတို့ကြောင့် မကြာခင် မြို့ကြီးအချို့ကို ပြန်လည်ထိန်းချုပ်နိုင်တော့မှာဖြစ်ပါကြောင်း ကြိုတင်သတင်းကောင်းပါးအပ်ပါတယ်။

Congratulations ပါ မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *