ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက် (၂) ရက်အတွင်း ဥပဒေဘောင်အတွင်း ဝင်ရောက်သည့် KIA နှင့် TNLA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင် ၂၄ ဦးရှိလာသလို PDF အဖွဲ့ဝင် ၁၄ ဦးရှိလာကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်တွင် တောင်ခမ်းဒေသတစ်ဝိုက်နှင့် နောင်ချိုမြို့နယ်အတွင်းမှ TNLA အဖွဲ့ဝင် အမျိုးသား ၄ ဦး၊ DPLA အဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၅ ဦးနှင့် MDY-PDF အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၁၄ ဦးတို့ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက် လာခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ယမန်နေ့ ဇူလိုင် ၁၈ ရက်တွင်လည်း ပူတာအိုမြို့နယ် အတွင်းမှ KIA အဖွဲ့ဝင်အမျိုးသား ၆ ဦးနှင့် KPF အဖွဲ့ဝင် အမျိုးသား ၄ ဦး စုစုပေါင်း ၁၀ ဦးတို့ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသလို DPLA အဖွဲ့မှ အမျိုးသား ၅ ဦးနှင့် MDY-PDF အမည်ခံအဖွဲ့မှ အမျိုးသား ၁၀ ဦး၊ စုစုပေါင်း ၁၅ ဦးတို့သည်လည်း ဇူလိုင် ၁၈ ရက်နေ့ကပင် ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့ကြသည်ဟု သိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများကို တာဝန်ရှိသူများက ပြန်လည်လက်ခံကြိုဆို၍ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းကို သက်ဆိုင်ရာတိုင်းစစ်ဌာချုပ်အသီးသီးတို့၌ ထောက်ပံ့မှုများပေးအပ်ကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ကြောင်းလည်း သိရသည်။
crd mht
