မန္တလေးတွင် အပတ်စဉ် တနင်္လာနေ့တိုင်း ပလက်စတစ်၊ ကြွပ်ကြွပ်အိတ် ကင်းစင်ရေးနေ့ ပြုလုပ်မည် ဖြစ်သည်ဟု သိရသည်။
သိုသော် ထိုကဲ့သို ပြုလုပ်မည်ကို အများပြည်သူ မြိုခံအများစု ကျယ်ကျယ်ပြန့်ပြန့် မသိရှိရသေးကြောင်းလည်း မြိုခံများက ပြောသည်။
“မနေ့က စတယ်ပြောတယ်၊ ကြွပ်ကြွပ်အိတ်သုံးတာ ဝယ်တာဆို ဘယ်ဆိုင်ကပေးသလဲပေါ့နော်၊ ပေးတဲ့ ဆိုင်ကိုပါ ဒ-ဏ်ရိုက်မယ်လည်း ပြောတယ်” ဟု မြိုခံတစ်ဦးက ပေါ်ပြူလာနယူးကိုပြောသည်။
လက်ရှိ၌ ထိုအကြောင်းအရာကို မန္တလေးစျေးချိုတော်ရှိ ဆိုင်အများစုက သိရှိထားကြောင်းလည်း သိရသည်။
