ဩဂုတ် ၁၃ ရက်နေ့တွင် တပ်မတော်နယ်မြေရှင်းစစ်ကြောင်းများသည် ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် အကြမ်းဖက် KNLA တပ်မဟာ(၆)၊ ရင်း(၂၇)နှင့် PDF အဖွဲ့တို့မှ ၅၀ ဦးခန့်တို့ဖြင့် ထိတွေ့တိုက်ပွဲ (၂)ကြိမ်ဖြစ်ပွားပြီး ရန်သူ ထွက်ပြေးသွားခဲ့ကာ သုံးအိမ်စုရွာနှင့် သရက်တောရွာတို့အား ရှင်းလင်းထိန်းချုပ်ခဲ့။ ဖြစ်စဉ်တွင် စစ်သည် ၁ ဦး ကျဆုံးပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် KNU/PDF ၄ လောင်း
(၂) လက်နက်မျိုးစုံ ၃ လက်
- M-79 ၁ လက်
- စက်လတ် ၁ လက်
- M-4 သေနတ် ၁ လက်
(၃) ကျည်အိမ်/ကျည်ဆန်များ
(၄) ဘန်ကာ ၇ လုံး
(၅) ပစ်ကျင်း ၁၃ ကျင်း
(၆) ဆသရမြောင်း ၂၀၀ ပေခန့်
(၇) လူနေတဲ ၁ လုံး တို့အား သိမ်းပိုက်ရရှိခဲ့သည်။ (ပုံများ ထပ်မံဖော်ပြပေးပါမည်)
