ဩဂုတ် ၁၃ ရက် မွန်းလွဲပိုင်းအချိန်က ကလေးမြို့နယ်၊ ဟံသာဝတီရွာတွင် အကြမ်းဖက်အဖွဲ့မှ ဆက်ကြေးငွေ လာသိမ်းမည် ဖြစ်ကြောင်း ဒေသခံပြည်သူများရဲ့ သတင်းပေးချက်အရ ဟံသာဝတီရွာ၏ အနောက်ဘက်တွင် စောင့်ဆိုင်းနေစဉ် အကြမ်းဖက် PDF ၃ ဦးအား တွေ့ရှိသဖြင့် ပစ်ခတ်ခဲ့ရာ အလောင်း ၂ လောင်း၊ MA-1 သေနတ် ၁ လက်၊ ကာဘိုင် ၁ လက်၊ ၁၂ ဘိုးလ် ၁ လက်၊ ပေါင်း (၃)လက်၊ ကျည်အိမ်/ကျည်ဆန်များ သိမ်းပိုက်ရရှိခဲ့သည်။



