နိုင်ငံတော်အတွက်၊ မိမိတို့ဒေသအတွက် ဆရာတော်အနေဖြင့် ဒေသအတွင်းလှည့်လည်စည်းရုံးဟောပြောခဲ့ပြီး မျိုးချစ် ပြည်သူ့စစ်များကိုရွေးထုတ်ကာ တပ်မတော်က သင်တန်းပေး၊ လက်နက်တပ်ဆင်ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါတယ်။
ပြည်သူ့စစ်အဖွဲ့များဟာ တပ်မတော်စစ်ကြောင်းနှင့်အတူ ကျရာနေရာမှာ တာဝန်ထမ်းဆောင်လျှက်ရှိပြီး. ခုအချိန်အထိ သင်တန်းသားအသစ်များကို စုစည်းသင်တန်းပေးလျှက်ရှိပါတယ်။
မိမိတို့တပ်ဖွဲ့ဝင်အင်အား သောင်းဂဏန်းအထက်ရှိပါတယ်။ တပ်ဖွဲ့ဝင်များရဲ့လိုအပ်ချက်များကို တိုင်းအစိုးရမှ ကူညီဆောင်ရွက်ဖြည့်ဆည်းပေးနေပါတယ်။ ဒီအတွက်ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပါတယ်။
မိမိတို့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည်ဒေသ ပြည်သူ့စစ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအတွက် အသက်ပေးကာကွယ်လျှက်ရှိကြောင်း၊ ပြည်သူ့စစ်များ၏ စွန့်လွှတ်စွန့်စားစိတ်အား အသိအမှတ်ပြုပါကြောင်း ဖော်ပြအပ်ပါသည်။
(ဦးဝါသဝ (၅၅၀ဆရာတော်)

