ဇူလိုင် ၃၁ ကြာသပတေးနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ရုရှားကမ်းလွန် ၈.၈ ငလျင်လှုပ်၍ ဂျပန် တွင်ဆူနာမီလှိုင်းအချို့ရှိခဲ့သော်လည်း လူအသေအပျောက်မရှိပါ ။

-အမေရိကန် မင်ဟက်တန် ဘောလုံးအဖွဲ့ချုပ်ရုံးကို ရှိမ်းကမ်ပူရာ အမည်ရှိ ဦးဏှောက်မမှန်သူက ဝင်ရောက်ပစ်ခတ်ရာ ၄ ဦးသေပြီး ၎င်းကိုယ်တိုင်လည်းသတ်သေသွားသည်။

-ဂါဇာ ကို ဆက်လက်နှိပ်ကွပ်နေလျှင် ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်ရေး ပြင်သစ်နှင့်အတူ ရပ်တည်သွားမည်ဟု ဗြိတိန်ဝန်ကြီးချုပ် ဆာမာ က ပြောသည်။

ပြည်တွင်းထူးခြားသတင်းများ

-ယင်းမာပင်ခရိုင် PDF ၂၆ ရင်းမှုး ကျော်ဟိန်း ဆိုသူသည် အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီးအား အဓမ္မဖမ်းခေါ်ထိုးကြိတ် ကြိုးတုပ်၍ ၂ ရက်ကြာ အဓမ္မပြုကျင့်ရာ ကိုယ်ဝန်ပျက်ကျ ၊ အစောင့်အလစ်၌ထွက်ပြေးလွတ်မြောက်ပြီး NUG ကိုတိုင်ရာ စစ်ဆေးရေးအဖွဲ့က တိုင်ချက်နှင့် ဖြစ်စဥ် ကွဲလွဲနေ၍ အရေးယူရန် ခက်သည် ဟု ပြောသည်။

-ပလောင်သူပုန် နှင့် မန်း – PDF တို့နေရာယူထားသော ကွပ်ခိုင် ၊ မိုးကုတ် ၊ မိုင်းလုံ ၊ ရွှေပန်းတော ၊ စဥ့်ကူး ၊ လက်ပန်လှ စသည့် ခံစစ် ၆ နေရာကိုဗုံးကြဲရာ ၂ ရက်အတွင်း သူပုန် ၃၉ ဦးသေသည်။

Leave a Reply

Your email address will not be published. Required fields are marked *