ဇူလိုင်လ ၁၄ ရက် တနင်္လာနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-ရုရှားသည် တာဝေးပစ်မစ်ဇိုင်း ၂၆ စင်းနှင့် ဒရုန်း ၆၀၀ ကျော်သုံးကာ ယူကရိန်းနေရာအနှံ့ကို တိုက်ခိုက်ခဲ့သည် ။

-အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှဝန်ထမ်း ၁၃၀၀ ကျော်ကို မလိုအပ်ဘဲခန့်ထားသောလူပိုတွေဟုဆိုကာ အလုပ်မှထုတ်ပယ်ခဲ့သည် ။

-တောင်တရုတ်ပင်လယ်အရေး၌ သဘောထားကွဲလွဲနေသော်လည်း စီးပွားရေးကိစ္စများဆွေးနွေးရန် သြစတေးလျဝန်ကြီးချုပ် ၏ ၆ ရက်ကြာမည့် တရုတ်ခရီးစဥ် စတင်ခဲ့သည်။

-ကွာလာလန်ပူ၌ပြုလုပ်နေသော အာဆီယံအစည်းအဝေးတွင် ရုရှား တရုတ်နှင့် ကန် နိုင်ငံခြားရေးဝန်ကြီး များလည်းတက်ရောက်နေကြရာ အင်အားကြီးနိုင်ငံများသည် ရန်မဖြစ်ဘဲ တည့်တည့်ရှု့ရှု့ နေကြရန် အာဆီယံ က တိုက်တွန်းခဲ့သည်။

ပြည်တွင်းထူးခြားသတင်းများ

-တပ်စစ်ကြောင်းများ နောင်ချိုမြို့တွင်းဝင်ရောက်ရှင်းလင်းနေပြီး သူပုန်များသည် ၎င်းတို့မပြေးမှီ ချိတ်ပိတ်ထားသော တပ်အငြိမ်းစား အိမ်များ နှင့် ကြံ့ခိုင်ရေး အိမ်များကို မီးရှို့ခဲ့သည် ။

-ညောင်ဦးမြို့နယ်အတွင်း လူလိုက်သတ်နေသော PDF များကို လိုက်ရှင်းနေသည့်စစ်ကြောင်းသည် တောင်တော ၊ ဖလံကန် ၊ ချောင်းရှည် ၊ ပွဲတန်း တဝိုက် ထိတွေ့တိုက်ပွဲများအတွင်း လက်နက် ၁၁ လက်နှင့် အလောင်း ၁၁ လောင်းရရှိခဲ့သည်။

-မတ္တရာမြို့နယ် ဘိုကုန်းရွာ တိုက်ပွဲတွင် PDF ၅ လောင်း ၅ လက်ကျန်ခဲ့သည်။

-ပဲခူးအနောက် လက်ပန်တန်းမြို့နယ် စီတုံရွာ အခြေစိုက် PDF စခန်းရှင်းလင်းခံရသည်။

-ဖားအံ အမှတ် ၉ ရပ်ကွက်တွင် အိမ်နီးခြင်းဖြစ်သူက မကြေနပ်၍ မနက် ၃ နာရီခန့် ဒါးနှင့်တက်ခုတ်ရာ ဖခင်ဖြစ်သူနှင့် G-11 သမီးသေဆုံးပြီး မိခင်ဒဏ်ရာအပြင်းအထန်ရကာ ကျူးလွန်သူကိုဖမ်းမိသည်။

-ဧရာဝတီတိုင်းတွင်းသို့ AA ဝင်ရောက်လာပါက ကြိုဆိုပူးပေါင်း၍ တပ်မတော်ကိုတိုက်ထုတ်ပစ်မည်ဟု ဧရာဝတီ PDF က ကြေငြာသည်။

-ကျောက်ဖြူ နှင့် ဖားကန့် တွင် တိုက်ပွဲများဆက်ဖြစ်နေသည် ။

Leave a Reply

Your email address will not be published. Required fields are marked *