BRICS အဖွဲ့ ထိပ်သီးအစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲများအတွင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒရာမိုဒီနှင့်တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖျင်တို့သည် ရုရှားနိုင်ငံသမ္မတ ဗလာဒီမာပူတင်နှင့်သီးခြားစီတွေ့ဆုံစဉ် ယူကရိန်းပဋိပက္ခကို ငြိမ်းချမ်းစွာဖြေရှင်းရေးအတွက် ကြားဝင်စေ့စပ်ပေးရန် တက်ကြွစွာ ကမ်းလှမ်းကြကြောင်း ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က စက်တင်ဘာလ ၁၃ ရက်တွင်အတည်ပြုပြောသည်။ နှစ်နိုင်ငံခေါင်းဆောင်များကြားတွေ့ဆုံပွဲများအတွင်း နာရန်ဒရာမိုဒီနှင့်ရှီကျင့်ဖျင်တို့က ယူကရိန်းအရေးကို အထူးစိတ်ဝင်တစားရှိကြောင်းပြသပြီး ပဋိ ပက္ခပြေလည်စေရေးနည်းလမ်းများကိုရှာဖွေရာတွင် အကောင်းဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း ပက်စကော့ကရှင်းပြသည်။ အဆိုပါအိန္ဒိယနှင့်တရုတ်ခေါင်းဆောင်တို့၏ဆန္ဒအပေါ်…