ဇူလိုင် ၁ ရက် အင်္ဂါနေ့ မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-Tik Tok ကိုဝယ်မည့်သူ ရှိပြီဖြစ်ကြောင်းနှင့် တရုပ်သမ္မတကသဘောတူလိမ့်မည်ဟုမျှော်လင့်ကြောင်း ထရန့်ကပြောသည် ။

-အမေရိကန်တွင် တောမီးငြိမ်းသတ်နေသူမီးသတ်သမား ၂ ယောက် စနိုက်ပါဖြင့်ပစ်သတ်ခံရပြီးနောက် ရဲကပိတ်ဆို့ရှာဖွေရာ ပစ်ခတ်သူသည် မိမိကိုယ်ကိုသတ်သေသွားသည် ။

-ဆားဘီးယားနိုင်ငံ ဘဲဂရိတ်တွင် ပြည်သူ ၁၄၀၀၀၀ ကျော် က သမ္မတ ဗူဆစ် နုတ်ထွက်ရေး ရွေးကောက်ပွဲလုပ်ပေးရေး ဆန္ဒပြနေသည် ။

-ထိုင်းနိုင်ငံ ဘန်ကောက် တွင် ဝန်ကြီးချုပ်နုတ်ထွက်ရေးဆန္ဒပြပွဲ အရှိန်မြင့်လာသည်။

-ရုရှားက ယူကရိန်းသို့ ဒရုန်း ၄၇၇ စင်း ၊ မစ်ဇိုင်း ၆၀ ဖြင့်ပစ်ခတ်ရာ ကြားဖြတ်ပစ်ချသူ F – 16 တိုက်လေယာဥ်မှုး ဗိုလ်မှူးကြီးအပါအဝင် ၂၀ ကျော်သေသည်။

ပြည်တွင်းထူးခြားသတင်းများ

-ဖြူးမြို့နယ် အုပ်ချပ် ၊ ဝဲကြီးတောင်ရွာ မိမိစခန်းကို ကရင်သူပုန်တိုက်စဥ် ရန်သူ့လက်နက်ကြီးကြောင့် အပြစ်မဲ့ ရွာသား ၃ ဦးသေ ၂၅ ဦးဒဏ်ရာရခဲ့သည် ။

-အင်္ဂပူမြို့နယ် လယ်ခြားကုန်း ၊ သာစည်ကုန်းရွာများအနီး AA နှင့်တိုက်ပွဲဖြစ်နေသည် ။

-ညောင်ဦးမြို့နယ် ချေပန်းမွှေး ၊ ကံမ ၊ သရက်ပင် ၊ တောပြားရွာများတဝိုက်ခိုအောင်းနေသော PDF များကိုရှင်းလင်းနေသည်။

-တနင်္သာရီမြို့နယ် ချောင်းနှစ်ခွ ၊ ညောင်ပင်ကွင်း တဝိုက် နယ်မြေရှင်းလင်းနေသည်။

-သပိတ်ကျင်း ၆ မိုင် ၌ ဂိတ်ဖွင့်ထိုင်နေသော NUG/PDF စခန်း တပ်ကသိမ်းပိုက်ခဲ့သည်။

-ဆိပ်ဖြူ ကပစ ၂၁ ကို မီးလိုင်းပြန်သွယ်နေသော လျှပ်စစ်အဖွဲ့ ကို PDF နှောက်ရှက်ပစ်ခတ်သည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော်

ရုရှား – မြန်မာ ရဟတ်ယာဥ် ပူးတွဲထုတ်လုပ်မည်ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက နေပြည်တော်တွင် ပြောကြားခဲ့ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *