KNLA/PDF များ၏ ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံးပြီး ၂၅ ဦး ဒဏ်ရာရ

KNLA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ဝဲကြီး(တောင်)ကျေးရွာရှိ အရပ်သားများကိုပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်များအပါအဝင် အရပ်သား (၃) ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၂၅ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသူများမှာ ဝဲကြီး (တောင်)ကျေးရွာနေသူများဖြစ်ကြသည့် မောင်ဇွဲပြည့်(၇)နှစ်၊ ဒေါ်ခင်အေးစု(၅၆)နှစ်နှင့် ဒေါ်သီတာဦး(၃၅)နှစ်တို့ ဖြစ်ကြသည်ဟုဆိုသည်။

အလားတူ ကိုသော်တာဦး(၂၂)နှစ်၊ ဒေါ်ခင်ရွှေ(၇၀)နှစ်၊ ဦးဆန်းဝင်း (၅၆)နှစ်၊ မောင်မျိုးမင်းဆက်(၂၄)နှစ်၊ မောင်ဉာဏ်လင်းထက်(၂၂)နှစ်၊ မောင်ပြည့်စုံ(၁၈)နှစ်၊ ဦးတင်ဝင်းထွန်း(၄၄)နှစ်၊ ဦးမျိုးမင်းထွန်း(၃၇)နှစ်၊ မောင်ကောင်းခန့်သော်(၈)နှစ်၊ ဒေါ်စံပယ်(၄၃)နှစ်၊ မောင်ခန့်(ခ)ခန့်ညား(၁၇)နှစ်၊ မောင်ဘုန်းခန့်သော်(၇)လ၊ မောင်ကံထူးဝေ(၈)လ၊ မောင်စုမြတ်သူ (၁၂)နှစ်၊ မစုမြတ်မွန်(၁၀)နှစ်၊ မသွယ်သွယ်စိုး(၈)နှစ်၊ မရွှေဇင်ဦး(၂၆)နှစ်၊ မတွယ်တာဦး(၂၀)နှစ်၊ ဒေါ်ဝါဝါမြင့်(၄၉)နှစ်၊ ဒေါ်စုနွေဇင်(၃၈)နှစ်၊ ဒေါ်ဇာ(၃၄)နှစ်၊ ဒေါ်ချို(၆၀)နှစ်၊ ဝဲကြီး(မြောက်)ကျေးရွာ နေသူများဖြစ်ကြသည့် ဦးဝင်းညွန့်(၅၆)နှစ်၊ ဒေါ်ခင်ဌေး(၇၃)နှစ်နှင့် ဝဲဒေါင့်ကျေးရွာနေ ဦးနိုင်ထွန်း (၄၆)နှစ်တို့ ၂၅ ဦးတွင် ဒဏ်ရာများရရှိခဲ့ကြသဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူနေရသည်ဟု သိရသည်။

CRD//

Leave a Reply

Your email address will not be published. Required fields are marked *