ဇွန်လ ၁၇ ရက်၊ မနက်ပိုင်းအချိန်က ပြည်သူကိုအနိုင်ကျင့်၊ နှိပ်စက်၊ သတ်ဖြတ်၊ ဆက်ကြေးကောက်နေသည့် မတ္တရာမြို့နယ်အတွင်းက အကြမ်းဖက် PDF များအား လိုက်လံရှင်းလင်းရာ မတ္တရာမြို့၏ အရှေ့ဘက် မီတာ ၆၀၀၀ ခန့်အကွာ အုတ်ကုန်းရွာအနီးတွင် အကြမ်းဖက် ၂၀ ဦးခန့်ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိဘက်ထိခိုက်မှုမရှိ၊ ရန်သူ့ထံမှ M-22 သေနတ် ၂ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၄၀ တောင့်တို့အား သိမ်းဆည်းရရှိခဲ့။
အလားတူ မတ္တရာမြို့၏ အရှေ့တောင်ဘက် မီတာ ၈၀၀၀ ခန့်အကွာ ထန်းပင်ကုန်းရွာအနီးတွင် အကြမ်းဖက် PDF ၂၀ ဦးတို့ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး၊ ပသစ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး ရန်သူ့ထံမှ –
(၁) အကြမ်းဖက် PDF ၃ လောင်း
(၂) RPG အပါ လက်နက်မျိုးစုံ ၈ လက်
(၃) ကျည်အိမ်/ ကျည်ဆန်များ
(၄) ဗုံးသီး/ မိုင်းများ သိမ်းဆည်းရရှိခဲ့
ဇွန် ၁၇ ရက် တစ်နေ့တည်းတွင် PDF အလောင်း (၃) လောင်း၊ လက်နက်မျိုးစုံ (၁၀)လက် သိမ်းဆည်းရရှိခဲ့သည်။





