ဇွန်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ အကြမ်းဖက်လက်နက်ကိုင် ၂၈၃ ဦးသေဆုံးခဲ့

၂၀၂၅ ခုနှစ်၊ ဇွန်လ ၁ ရက်မှ ၁၅ ရက်အထိ အကြမ်းဖက် PDF နှင့် သောင်းကျန်းသူအဖွဲ့များထံမှ သိမ်းဆည်းရရှိခဲ့သည့် အလောင်း၊ လက်နက်များစာရင်းများအား ဖော်ပြပေးလိုက်ရပါတယ်။

ဇွန်လ ၁ ရက်မှ ၁၅ ရက်(လဝက်)အတွင်းမှာ တပ်မတော်အနေနဲ့ ရန်သူ့အလောင်း (၂၈၃) လောင်း (လက်ဝယ်ရ)၊ အရှင်မိရန်သူ (၄၂) ဦး၊ အမြင်မှန်ရလို့ အလင်းဝင်လာတဲ့ရန်သူ ၁ ဦး ရှိခဲ့ပါတယ်။

ရန်သူ့အလောင်း/လက်နက် အများဆုံးရရှိတာကတော့ ရခိုင်ဒေသဖြစ်ပြီး လက်ရှိတွင်လည်း ကျောက်ဖြူမြို့နယ်က အနီးဝန်းကျင်ရွာတွေကို စစ်ကြောင်းထိုးပြီး နယ်မြေရှင်းလင်းနေ၍ နေ့စဉ်တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး Drone/လက်နက်ကြီး ပစ်ကူယူ စစ်ကြောင်းထိုးချေမှုန်းနေမှုကြောင့် အကြမ်းဖက် AA သူပုန်တွေအနေနဲ့ တဖြည်းဖြည်း ဆုတ်ခွာနေတာကို တွေ့ရပါတယ်။

ကချင်ပြည်နယ်ဘက်မှာတော့ ဗန်းမော်ဒေသမှာ KIA/KPDF/AA သူပုန်အဖွဲ့တွေ ခေါင်းမထောင်နိုင်အောင် အထိနာလျက်ရှိပြီး မင်းခေါင်စစ်ကြောင်းကလည်း နယ်မြေရှင်းလင်းလျက်ရှိပါတယ်။ PDF အလင်းဝင်သူတွေ၊ ကိုယ့်ကိုကိုယ် သေကြောင်းကြံသူတွေ အရေအတွက် တိုးလာတယ်လို့ သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ တောင်ခမ်းဖိုက်တာစစ်ကြောင်းကြီးတွေဟာ အကြမ်းဖက် TNLA စခန်းကုန်းတွေကို တစ်ကုန်းပြီး တစ်ကုန်းသိမ်းပိုက်လာလိုက်တာ အခုဆိုရင် နောင်ချိုမြို့အနီးနားကို ရောက်ရှိနေပြီပဲဖြစ်ပါတယ်။ ပလောင်သူပုန်ရဲ့ ညှင်းပန်းနှိပ်စက်မှုကို မခံနိုင်လို့ ဒေသခံတွေကလည်း စစ်ကြောင်းတွေကို TNLA သူပုန်လှုပ်ရှားမှုသတင်းတွေ အဆက်မပြတ်ပေးပို့နေကြောင်း သိရှိရပါတယ်။

Congratulations ပါ မြန်မာ့တပ်မတော်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့များ 🏆🏆🏆

Leave a Reply

Your email address will not be published. Required fields are marked *