ဇွန် ၁၁ ရက် ဗုဓ္ဒဟူးနေ့မနက်ခင်းသတင်းများ

နိုင်ငံတကာထူးခြားသတင်းများ

-လော့အိမ်ဂျယ်လိ ဆန္ဒပြပွဲ ဆက်ဖြစ်နေ၍ အမျိုးသားအစောင့်တပ်ဖွဲ့ ၂၀၀၀ နှင့် မရိမ်းတပ်သား ၇၀၀ စေလွှတ်ခဲ့ရသည် ၊ ထရန့်က ဒီမိုကရက် ပြည်နယ်အုပ်ချုပ်ရေးမှုးကို ဖမ်းဆီးသင့်ကြောင်းပြောပြီး ထရန့်ကို တရားစွဲမည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှုးက ပြန်ပြောသည် ၊ ဆန္ဒပြပွဲသည် တက္ကဆတ် ပြည်နယ်သို့ကူးစက်သွားသည် ။

-ရုရှား – ယူကရိန်း အကျဥ်းသား ၁၂၀၀ စီလဲလှယ်ခဲ့သည် ။

-အိန္ဒိယကမ်းလွန်တွင် စင်ကာပူမှတ်ပုံတင် WIFI – 503 အမည်ရှိ ကွန်တိန်နာသင်္ဘာမီးလောင်ရာ သင်္ဘောသား ၁၈ ဦးကိုကယ်တင်နိုင်ခဲ့သော်လည်း မြန်မာ ၁ ဦးအပါအဝင် ၄ ဦးပျောက်ဆုံးနေသည် ။

ပြည်တွင်းထူးခြားသတင်းများ

-ပုလဲနယ် စပါးစေ့ရွာ ဘုန်းကြီးကျောင်းဝင်း အတွင်း မိမိဂျက်တိုက်လေယာဥ်တစ်စီး စက်ချို့ယွင်းမှုဖြစ်ပွား၍ မတော်တဆမှုဖြစ်ပွားခဲ့သည် ။

-သိန္နီကို စက်တင်ဘာလ၌ ကိုးကန့်သူပုန်က ပြန်ပေးမည်ဟု သတင်းထွက်ပြီး နောင်ချိုမှ ပလောင်သူပုန်တို့ဆုတ်ခွာတော့မည်ဖြစ်သောကြောင့် PDF များအား နောက်ဆုတ်ရန် အမိန့်ပေးထားကြောင်းသတင်းထွက်ပေါ်သည် ။

-ညောင်တုန်းတွင်မြစ်ကမ်းပါးပြို၍ နေအိမ် ၃ လုံးဖျက်ရွှေ့ရသည် ။

-အမေရိကန်ရောက်မြန်မာများ အခက်အခဲရှိက ဖြေရှင်းပေးမည်ဟု ကိုယ်တိုင်နေစရာမရှိသော NUG က သတင်းထုတ်ပြန်သည် ၊ ရွှေ့ပြောင်းနေထိုင်သူများကိုလည်းသက်တမ်းတိုးရန် သမ္မတထရန့်အား စာပို့ထားကြောင်းလည်း နေဘုန်းလတ်ကပြောသည်။

-ပုဗ္ဗသီရိမြို့နယ် တပင်ရွှေထီးရပ်ကွက်တွင် သတင်းတမန်အမည်ဖြင့် မြန်မာနောင်း ၊ ဧရာဝတီနှင့် မဇ္ဇိမ ပြည်ဖျက်မီဒီယာများနှင့်ဆက်စပ်လုပ်ကိုင်သူ ညီညီအောင်အား လိုင်စင်မဲ့ကားလက်ဝယ်တွေ့ရှိမှု့ဖြင့် ထုံးဘိုရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း တင်ပြအပ်ပါသည် ။

Leave a Reply

Your email address will not be published. Required fields are marked *