
အောက်တိုဘာ ၂၈ ရက်တွင် မြို့နယ်အားကစားကွင်း၌ သာကေတမြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်းဖူဆယ်ပြိုင်ပွဲကိုကျင်းပခဲ့ပြီး အကောင်းဆုံးဆုရရှိသော အားကစားသမားအား ဆုတံဆိပ်နှင့်အတူ ငွေသားဆု(၁၀၀၀၀၀)ကျပ်၊ အကောင်းဆုံးဂိုးသမားဆုရရှိသော အားကစားသမားအား ဆုတံဆိပ်နှင့်အတူ ငွေသားဆု (၁၀၀,ဝဝ၀)ကျပ်ချမြှင့်ခဲ့သည်။
ယင်းအပြင် ဖူဆယ်ပြိုင်ပွဲ၌ ပဉ္စမဆုရရှိသောအသင်းအား ငွေသားဆုကျပ်(၁၀) သိန်း၊ စတုတ္ထဆုရရှိသောအသင်းအား ငွေသားဆု ကျပ်(၂၀)သိန်း၊ တတိယဆုရရှိသောအသင်းအား ကျပ်(၃၀)သိန်း ချီးမြှင့်ခဲ့သလို တစ်ဦးချင်းဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်။
