နိုင်ငံတကာထူးခြားသတင်းမှာ
-ကိုလံဘီယာနိုင်ငံတွင် မဲဆွယ်စည်းရုံးရေးလုပ်နေသော လင်္ကျာယိမ်း ကွန်ဆာဗေးတစ်သမ္မတလောင်း မီဂဲအူရီဘေး ( ၃၉ နှစ်) ပစ်ခတ်ခံရပြီး ဦးခေါင်း ၂ ချက် ဒူး ၁ ချက်ထိ၍ စိုးရိမ်ရဒဏ်ရာရရှိခဲ့သည်၊ပစ်ခတ်သူ ၁၅ နှစ်အရွယ် သေနပ်သမားအား ၉မမ ပစ္စတိုနှင့်အတူ ဖမ်းမိသည်။
-လော့အင်ဂျယ်လိ တွင် ရွှေ့ပြောင်း ဝင် ရောက် လာသူများကိုဖမ်းဆီးနေသော လဝက ဝန်ထမ်းများအား ပိတ်ဆို့ဆန္ဒပြရာ ဒီမိုကရက်အုပ်ချုပ်ရေးမှုးမှ ဒေသခံရဲကိုမသုံးသောကြောင့် ဗဟိုမှ ဖက်ဒရယ်ရဲများစေလွှတ်နှိမ်နင်းနေရသည် ။
-ဘင်္ဂလားဒေ့ရှ်တွင် ဆက်တိုက်ဆန္ဒပြပွဲများဖြစ်ပေါ်နေပြီး ရွေးကောက်ပွဲအမြန်မလုပ်က ပိုဆိုးမည်ဟု နိုင်ငံရေးပါတီများကဆိုသည်။
ပြည်တွင်းထူးခြားသတင်းများ
-အမြန်လမ်း ၂၆၂ မိုင်တိုင်တွင် လေယာဥ်ဆီတင်ဘောက်ဆာကားတစ်စီး နတ်မောက် PDF က တက်ဖမ်းခေါ်သွားသည် ။
-တောင်ဒဂုံတရားရုံးကို ည ၁၀ နာရီအချိန် ၄၀ မမ ၂ လုံးဖြင့်ပစ်ခတ်ခံရပြီး ထိခိုက်မှု့မရှိပါ ။
-ထားဝယ် ရွှေဂူတောင်မိမိစခန်းတိုက်ခိုက်ခံရသော်လည်း သူပုန်တို့ပြန်ဆုတ်သွားသည်။
-သံတွဲရှိ ရခိုင်သူပုန်အခြေပြု ၃ နေရာ ဗုံးကြဲခံရ၍ အထိနာသွားသည်။
-တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်ပွဲသို့ နိုင်ငံတော်အကြီးအကဲတက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည် ။
