ဇွန် ၁၅ ရက်တွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ပခုက္ကူမြို့နယ်၊ ကမ္မမြို့နှင့် မြိုင်မြို့နယ်သို့ ဆက်သွယ်ထားသည့် ကမ္မ-မြိုင်သွား ကားလမ်းတစ်လျှောက်တွင် PDF အဖွဲ့များက ကတ္တရာလမ်းအား ကျင်းတူးပြီး ဆီပေပါခွံများဖြင့် ကားမိုင်းအဖြစ်ပြုလုပ်ကာ မိုင်းထောင်ပိတ်ဆို့ထားရှိကြောင်း ပြည်လူထု၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် အဆိုပါကားလမ်းတစ်လျှောက် မိုင်းရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ ပခုက္ကူမြို့နယ်၊ မန်ကျည်းတန်းကျေးရွာအနီး ကားလမ်းဘေး ဝဲ/ယာ၌ PDF အဖွဲ့ ထောင်ထားသည့် ဆီပေပါဖြင့် ပြုလုပ်ထားသည့် ကားမိုင်းကြီး ၁၇ လုံး၊ ပလပ်စတစ်ပုံးအဝါဖြင့် ပြုလုပ်ထားသည့် ကားမိုင်း ၁၃ လုံး၊ လက်လုပ်တိုက်မိုင်း ၈ လုံး၊ လက်လုပ်ရှေ့ထွက်မိုင်း ၄၂ လုံး၊ စုစုပေါင်း လက်လုပ်မိုင်းမျိုးစုံ ၈၀ လုံးတို့ကို တွေ့ရှိခဲ့ပြီး ဘေးအန္တရာယ်မဖြစ်စေရေးအတွက် သက်မဲ့ပြုလုပ်ကာ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ PDF အဖွဲ့များက အများပြည်သူ ဖောက်ခွဲဖျက်ဆီးရန် သွားလာအသုံးပြုလျက်ရှိသည့် လမ်းမကြီးများ၊ ရထားလမ်းများအား မိုင်းထောင်ခြင်းများ ပြုလုပ်ခဲ့သည့်အပေါ် သက်ဆိုင်ရာက ဥပဒေနှင့်အညီ ထိရောက်စွာ ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
